MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (08 - 10 - 08)

ရှမ်းမြောက်ပြောင်းထွက် မူဆယ်ပြောင်းတင်ပို့မှုတက်။

ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းပြောင်းများ စတင်ထွက်ရှိလာတဲ့အတွက် တစ်ဘက်နိုင်ငံသို့ ပြောင်း များပိုမိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။ မန္တလေးဈေးကွက်နဲ့ လက်ရှိ တရုတ်ပြည်ဈေးကွက်ကို ချိန်ဆပြီး ကုန်သည် များအနေနဲ့ နှမ်းများ တင်ပို့နေသော်လည်း အမြောက်အမျာ: တင်ပို့နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ လာမယ့် သီတင်းပတ်မှာတော့ ရှမ်းမြောက်ပြောင်းတင်ပို့မှုတိုးတက်လာနိုင်သော်လည်း နှမ်းဈေးကွက်အေးနေမယ် လို့လည်း ခန့်မှန်းရရှိပါတယ်။
စက်တင်ဘာလ ၂၀ ရက်မှ ၂၇ ရက်ထိ ရက်သတ္တပတ်နဲ့ စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ရက်သတ္တပတ်တို့မှ လယ်ယာထွက်ကုန်တင်ပို့မှုတွေကို နှိုင်းယှဉ်ကြည့်မယ် ဆိုလျှင် ပြောင်းတန်ချိန် ၁၆၀၀ ကျော်၊ ပဲတီစိမ်း တန်ချိန် ၃၀ ကျော်၊ ပဲပုတ်စေ့ ၁၀ တန်ကျော်၊ ပဲကြီး ၃၅ တန် နဲ့ ပဲယင်း၃၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ သိန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ နှမ်းတင်ပို့မှုကိုကြည့်လျှင် တန်ချိန် ၈၀၀ ကျော် တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Source:နကသ(မူဆယ်)
KKCM