MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (15 -11- 07)

မြိတ်နယ်စပ်စခန်း ငါးမျိုးစုံပိုမိုတင်ပို့။

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ် (FOB) နယ်စပ်ကုန်သွယ်ရေးစခန်းသည် ပုံမှန်ကုန်သွယ်ရေး၊ နယ်စပ် ကုန်သွယ် ရေး တို့မှ တစ်ဆင့်တစ်ဖက်နိုင်ငံသို့ ရေထွက်ပစ္စည်းများ တင်ပို့လျက်ရှိသည်။ မြန်မာ့ပင် လယ်ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်းကွက်များနှင့် မြစ်ကြီးများ၊ မြစ်လက်တက်ရေပြင်များမှလည်း ရေချို၊ ရေငန်ငါး၊ ပုစွန်များဖမ်းယူရရှိနိုင်သည့် အခြေအနေကောင်းများရှိသည်။

၂၀၀၆-၀၇ ဘဏ္ဍာနှစ်တွင် ငါးမျိုးစုံ တန်ချိန် ၄၀၇၆၃ တန် ကန်ဒေါ်လာ ၂၆ ဒဿမ ၀၄၀ သန်း တင်ပို့နိုင် ခဲ့ကြောင်းသိရသည်။ ထို့ပြင် နိုဝင်ဘာလ ပထမပတ်သည် အောက်တိုဘာပထမပတ် ထက်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာပထမပတ်တွင် ငါးမျိုးစုံတန်ချိန် ၁၀၂၅ တန် တန်ဖိုးကန်ဒေါ်လာ ၇ ဒဿမ ၁၉၂ သိန်း တင်ပို့နိုင်ခဲ့ပြီး ယခင်အောက်တိုဘာကာလတူတွင် တန်ချိန် ၆၉၂ တန် တန်ဖိုးကန်ဒေါ်လာ ၄ ဒဿမ ၈၄၇ သိန်း တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Source: နကသ(မြိတ်) စိုးလှိုင်