MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (09 -11- 07)

တရုတ်၊ မြန်မာ၊ အိန္ဒိယ ဆက်သွယ်သည့် စတီးဝေးလမ်းမကြီး။

တရုတ်နိုင်ငံ ကူမင်းမြို့မှစတင်၍ ဘောင်ရှန်း-ထိန်းချုံးမှ မြန်မာနိုင်ငံမြစ်ကြီးနားမြို့ထိ ထိုမှတဆင့် အိန္ဒိယနိုင်ငံ ရိတော အထိ ဆက်သွယ်သည့် အရှည်မိုင်ပေါင်း (၁၂၀၀) ကီလိုမိုင်ရှည်သော စတီးဝေးလမ်းမကြီးအား ပြန်လည် ပြုပြင်ခြင်းနှင့် ဖောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါလမ်းမကြီးသည် တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တောင်အာရှနိုင်ငံများနှင့် ဆက်သွယ်သည့် အဓိက အဝေးပြေးလမ်းမကြီးအဖြစ် ရည်ရွယ်ကာ ဖောက်လုပ်မည်ဖြစ်ပြီး အဆင့်မြင့်အဝေးပြေး လမ်းမကြီးအဆင့် ရောက်ရှိရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လမ်းမကြီး၏ ကူမင်း၊ ဘောင်ရှန်း၊ ထိန်းချုံလမ်းပိုင်းအား ပြန်လည်ပြုပြင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြစ်ကြီးနားမြို့ထိ လမ်းပိုင်းအား တရုတ်နိုင်ငံမှ ဆက်လက်တာဝန် ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိန်းချုံးနှင့် မြစ်ကြီးနားလမ်းပိုင်းသည် အရှည်မိုင် ၂၀၀ ကျော်ရှိ၍ ခရီးသွားလာမှု အချိန် (၄)နာရီကျော်ခန့် ကြာကြောင်း သိရှိရပြီး ဘောင် ရှန်းမှ ထိန်းချုံးထိ ဆက်သွယ်သည့် အဝေးပြေးလမ်းမကြီးသည် နောက် (၄)နှစ်ကျော်ကြာမှ ပြီးစီးနိုင်မည်ဖြစ်ကြောင်းနှင့် လာမည့်နှစ်ဦးပိုင်းတွင် ဘောင်ရှန်းမှ လုံလင်လမ်းကြောင်း အပြီးသတ်မည်ဖြစ်ပြီး ပြီးစီးပါက ဘောင်ရှန်း၊ ထိန်းချုံး၊ မြစ်ကြီးနား၊ အိန္ဒိယထိ သွားလာမှုသည် (၁)နာရီခန့် ပိုမိုဆောလျင်စွာ ရောက်ရှိနိုင်မည်ဟု သိရသည်။

ဆက်လက်၍ မြစ်ကြီးနားမှ မြန်မာ-အိန္ဒိယနယ်စပ်ကြား နယ်ကြားမှတ်တိုင်အမှတ် (၁၇၃) ထိ အကွာအဝေး (၃၆၀) မိုင်ရှိကြောင်းနှင့် မြစ်ကြီးနားမှ နမ္မတီး၊ တနိုင်း၊ ရှင်ဘွေရမ်ထိ အရှည်မိုင် (၁၆၅) မိုင်ဖြစ်ပြီး၊ မြေပြန့်လမ်းများဖြစ် ကြောင်း မြစ်ကြီးနားမှ နမ္မတီးထိ (၃၆) မိုင်ရှိပြီး၊ ကတ္တရာလမ်းဖြစ်ကြောင်းနှင့် ရှင်ဘွေရမ်မှ အိန္ဒိယ-မြန်မာ နယ်ကြား မှတ် တိုင်အမှတ် (၁၇၃) ထိ (၉၅)မိုင် ကွာဝေး၍ ၎င်းင်းမှတ်တိုင် အမှတ် (၁၇၃) မှ အိန္ဒိယနိုင်ငံ ရိတော အထိ (၄၂) မိုင်ရှိကြောင်း ဖော်ပြသည့်သတင်းရရှိပါသည်။ ထို့ပြင် တနိုင်းနှင့် နန့်ရုံလမ်းပိုင်းကြားရှိ သာဝမ်သည် မြစ်ချောင်းပေါများခြင်း၊ တံတားမရှိခြင်းများကြောင့် မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ သွားလာရန် မလွယ်ကူကြောင်းနှင့် ကျန်လမ်းပိုင်းများအားလုံး ကောင်းမွန်ကြောင်း သိရှိရသည်။

မြင့်ထူး
Source: ယူနန်ချွင်းချိန်သတင်းစာ