MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (11 - 03 - 2010)

မူဆယ်နယ်စပ်မှ မတ်လမှာ ပို့ကုန် ပိုမိုဆောင်ရွက်နိုင်ဖွယ်ရှိ။

တရုတ်နိုင်ငံမှာ မိုးခေါင်ရေရှား ဘေးဒဏ်ကြောင့် စိုက်ပျိုးမြေဧက သိန်း ၂၀ကျော်အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ရာသီဥတုပူပြင်းတဲ့အတွက် ဖရဲသီးနဲ့ပဲတီစိမ်းဝယ်လိုအား များလာတဲ့အပြင် တိရစ္ဆာန်များ အတွက်လည်း ရိက္ခာပြတ်လပ်တာမို့ ပြောင်းဖူးစေ့များလည်း ဈေးပိုမိုပေးဝယ်လာနိုင်ဖွယ်ရှိတယ်လို့ ပို့ကုန် လုပ်ငန်းရှင် အချို့က မျှော်မှန်း နေကြပါတယ်။
မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ဒီဇင်ဘာလကစပြီး ဖေဖော်ဝါရီလထိ ယခင်နှစ် ကာလတူတွေထက် ကုန်သွယ်မှုပမာဏများ တိုးတက် လျက်ရရှိရာ ဒီဇင်ဘာလမှာကန်ဒေါ်လာ ၁၃သန်း ကျော်၊ဇန်န၀ါရီလမှာကန်ဒေါ်လာ၂၇သန်း နီးပါးနဲ့ဖေဖော်ဝါရီလမှာ ကန်ဒေါ်လာ ၁၇သန်းကျော် အသီးသီး တိုးတက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလမှာ ယမန်နှစ်ကာလတူထက် နှမ်းနက်၊နှမ်းဖြူ၊ပဲတီစိမ်း၊ရော်ဘာ၊ငါးရှဥ့်၊ အမဲသား (ရေခဲရိုက်)၊ဖရဲသီးနဲ့သခွားမွှေးများကို ပိုမိုတင်ပို့ခဲ့ရတယ်လို့ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ သတင်း ရရှိပါတယ်။
Source:နကသ(မူဆယ်)
MIRT (DOBT)