ရေထွက်ကုန်အချို့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးမှတဆင့် ပိုမိုတင်ပို့လာ။
ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖေါ်ဝါရီလမှာ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ၊ ကင်းမွန်၊ ကဏန်း၊ ပုစွန်၊ ပဂဲ၊ ဘီလား၊ ငါးဆားနယ်၊ မုတ်ခွံနဲ့ ကင်းမွန်ခြောက် တန်ချိန် ၃၃၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၁၃ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး ငါးမျိုးစုံ တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၈၅ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဇန်န၀ါရီလကထက် ပုစွန်၊ ငါးဆားနယ်၊ မုတ်ခွံနဲ့ ကင်းမွန်ခြောက်များ ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ ကော့သောင်းနယ်စပ်မှ ရေထွက်ကုန်လုပ်ငန်းရှင် တစ်ဦးထံမှ သတင်း ရရှိပါတယ်။
Source: နကသ (ကော့သောင်း)
MIRT (DOBT)
|