မူဆယ်နယ်စပ်နနွင်းတက်ဝယ်လိုအားတက်လာ။
မူဆယ်နယ်စပ်စခန်းမှတစ်ဆင့် ပရဆေးကုန်ကြမ်းအဖြစ် အသုံးပြုဖို့ တစ်ဘက်နိုင်ငံကို ၂၀၀၈ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်းမှာ စကားပန်းပွင့်ခြောက်၊ နေလဲစေ့၊ တောဂျင်း၊ တောင်လုံးကျော်၊ ဒရင်ကောက်မြစ်၊ ချဉ်ပေါင်ဖာလာ(အခွံမပါ)၊ နနွင်းတက်၊ ကြောင်ပန်းစေ့၊ မိချောင်းကွမ်းဖတ်စေ့၊ ဖန်ခါးသီးခြောက်၊ တောဂျူးမြစ်တွေ တန်ချိန် ၂၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၁၁၈ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဒီအထဲမှာ နနွင်းတက်ကို တန်ချိန် ၄၀ ကျော်၊ တန်ဖိုးအားဖြင့် ၂၇ သန်းကျော်ဖိုးနဲ့အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
Source: နကသ (မူဆယ်)
မင်းမင်း
် |