| နယ်စပ်ကုန်သွယ်မှုသတင်း (20-06- 08) |
|
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်များတွင် ငရုတ် ကောင်းများစိုက်ပျိုးထားကြရာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ တွင် စီးပွားဖြစ်အဓိက စိုက်ပျိုးလျက်ရှိ ပါသည်။ စစ်တွေခရိုင်တွင် ငရုတ်ကောင်းစိုက်ဧက ၁၁၀၀၀ ကျော် ရှိပြီး တစ်နှစ်ကို တန်ချိန် ၂၇၀၀ ကျော်ထွက်ရှိသည်။ ငရုတ်ကောင်း အထွက်တိုးရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် မြို့နယ် တစ်ခုလျှင် ငရုတ်ကောင်းစိုက်ဧက ၃၀၀ စီတိုးချဲ့စိုက်ပျိုးရန်လျာထားသည်။ စစ်တွေခရိုင်မှ ထွက်ရှိသောငရုတ်ကောင်းများကို ပြည်မရှိ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်တွင်းစားသုံးမှုပိုလျှံသော ငရုတ် ကောင်းများကို တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။် |