ဈေးကောင်းရတဲ့ မြန်မာ့ပြောင်း။
မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များကို ရန်ကုန်မြို့၌ ၅၄ ပိဿာဝင် တစ်အိတ်လျှင် ၁၄၀၀၀ ကျော်နှင့် ၀ယ်ယူ၍ ၅၀ ကီလို (၃၀ ပိဿာ) ပါအိတ်များအဖြစ် ပြန် လည်ပြုပြင်ထုတ်ပိုးပြီး မြန်မာ-ထိုင်းနယ်စပ် မြ၀တီသို့ တင်ပို့ရောင်းချလျက်ရှိကြသည်။ ရန်ကုန်မှ မြ၀တီသို့ ၅၀ ကီလို ၁ အိတ်အတွက် သယ်ယူပို့ဆောင်ခမှ ၁၅၀၀ ကျပ်ဖြစ်၍ ပြောင်းအိတ်တစ်အိတ်လျှင် စုစုပေါင်း ၇၈၀၀ ကျပ်နှုန်း ဈေးရရှိလျက်ရှိသည်။
ထိုင်းနိုင်ငံ မဲဆောက်အရောက် ၅၀ ကီလိုပါ ပြောင်း အိတ် ၁ အိတ် လျှင် မြန်မာကျပ်ငွေ ၁၃၃၀၀ ကျော်ခန့်ထိဈေး ရရှိလျက်ရှိကြောင်း သတင်းရရှိသည်။
နကသ(မြ၀တီ)
ဝတီ
် |