ရိဒ်နယ်စပ်ဝက်တင်ပို့ချက်။
မြန်မာ-အိန္ဒိယနယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ ရိဒ်ခေါရ်ဒါနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ၀က် ၁ ကီလိုကို ၁၃၄၀ ကျပ်နဲ့ တင်ပို့ခဲ့ရာ ၂၀၀၈ ခုနှစ် ဧပြီလမှ ဇူလိုင်လ ၁၅ ရက်အထိ ၆၄၅၆၁ ကီလိုကို ၈၆ ကျပ်သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဝက်တင်ပို့မှုကို ၂၀၀၇ခုနှစ် သြဂုတ်လနှောင်းပိုင်းမှာ ရပ်နားထားခဲ့ပြီး၊ ဒီဇင်ဘာလလယ်မှစ၍ တင်ပို့မှု ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၀က်မွေးမြူမှု တစ်နှစ်ထက် တစ်နှစ်များပြားလာခဲ့ရာ ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပကိုပါတင်ပို့ရောင်းချနိုင်တဲ့အတွက် ၀က်မွေးမြူထုတ်လုပ်သူများအတွက်လည်း များစွာ အဆင်ပြေစေပါတယ်။ ၀က်မွေးမြူရေးလုပ်ငန်းများတိုးတက်စေရေးအတွက် မျိုးမြှင့်တင်ထားတဲ့ ၀က်သားပေါက်တွေကို ၂၀၀၉ ခုနှစ် အတွင်းမွေးမြူသူများထံဖြန့်ဖြူးပေးဖို့အတွက် လက်ရှိမှာ ထိုင်းနိုင်ငံမှ မျိုးအဆင့်မြင့် ၀က်မျိုးစစ်ကို တိမွေးကုဦးစီးဌာန အကူအညီနဲ့ တာချီလိတ်နယ်စပ်မှ တစ်ဆင့် မြန်မာတစ်ဝှမ်းကုမ္ပဏီက တရားဝင်တင်သွင်းခဲ့တယ်လို့ သတင်း ရရှိပါတယ်။
Source:နကသ (ရိဒ်)
မော်မော်အောင်
် |