မဟာမဲခေါင်ဒေသခွဲ လူနှင့် ကုန်စည်များ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက် CBTA အကြောင်း သိကောင်းစရာများ။
မဟာမဲခေါင်ဒေသခွဲ အစီ အစဉ်ကို အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ပံ့ပိုးမှု နဲ့ ၁၉၉၂ ခုနှစ်က စတင်ပြီး အဖွဲ့ဝင် (၆)နိုင်ငံနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ဝင် နိုင်ငံများမှာ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ယူနန် ပြည်နယ်)၊ လာအိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်ထောင်စု မြန် မာနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံနှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံတို့ဖြစ်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလွဲ၍ ကျန် (၅)နိုင်ငံမှာ အရှေ့တောင်အာရှနိုင်ငံ များအသင်း အာဆီယံအဖွဲ့ဝင်များဖြစ် ကြပါတယ်။
မဟာမဲခေါင်ဒေသခွဲလုပ် ငန်းဆောင်ရွက်မှုမှာ ပိုမိုဆက်သွယ် ယှက်နွယ်မှုဖြင့် အရည်အသွေးကောင်း မွန်စေရန် ယှဉ်ပြိုင်မှုများ တိုးမြှင့်ကြပြီး ကြွယ်ဝချမ်းသာသော လူမှုအဖွဲ့ အစည်း ဖြစ်စေရေး၊ မျှော်မှန်းသောလုပ်ငန်းဆောင်ရွက်မှုဖြစ်ပါတယ်။
မဟာမဲခေါင်ဒေသအတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းနယ်ပယ်မှာ ဒေသတွင်းအခြေခံအ ဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူသား အရင်းအမြစ်ဖွံ့ဖြိုးရေးတို့ဖြစ်ပါတယ်။
အဖွဲ့ဝင်နိုင်ငံများအတွင်း ပိုမို ဆက်သွယ်ယှက်နွယ်နိုင်ရန်မှာ တစ်နိုင်ငံ နဲ့တစ်နိုင်ငံ ဆက်သွယ်ရေးလမ်း ကြောင်းများ ချိတ်ဆက်ခြင်း၊ လူနှင့် ကုန်စည်များတစ်နိုင်ငံနဲ့တစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင် ရန်အတွက် နိုင်ငံတစ်နိုင်ငံ ချင်းစီရဲ့ ဥပဒေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို အခြေခံတဲ့ နယ်စပ်ဖြတ်ကျော်ရေး သဘောတူညီချက်တို့ လည်း လိုအပ်ချက်အဖြစ် ပေါ်ထွက်လာပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်းများအဖြစ် အာဆီယံအဝေးပြေးလမ်းမကြီးများ အပြင် မဟာမဲခေါင်ဒေသခွဲ ၏ အရှေ့ -အနောက် စီးပွားရေး စင်္ကြန်၊ တောင်-မြောက်စီးပွားရေးစင်္ကြန်နှင့် တောင်ပိုင်း စီးပွားရေးစင်္ကြန်တို့ကို သတ်မှတ်၍ စီမံကိန်းများဆောင်ရွက် လျက်ရှိကြ ပါတယ်။ မဟာမဲခေါင်ဒေသ ခွဲ လူနှင့် ကုန်စည်များ နယ်စပ်ဖြတ်ကျော်ပို့ ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင် သဘောတူစာချုပ် Framework Agreement for Facilitation of the Cross-Border Transport of Goods and People in the GMS ကို လာအို၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့က ၂-၁၁-၁၉၉၉ ရက်နေ့မှာ လာအိုနိုင်ငံ၊ ဗီယန်းကျန်းမြို့၌ လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံက ၁-၁၁-၂၀၀၇ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ လည်းကောင်း၊ တရုတ်ပြည် သူ့သမ္မတ နိုင်ငံ၃-၁၁-၂၀၀၂ရက်နေ့ တွင် ကမ္ဘော ဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ လည်း ကောင်း၊ မြန်မာနိုင်ငံက ၁၉-၉-၂၀၀၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဒါလီမြို့၌လည်းကောင်း အသီးသီးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
နယ်စပ်ဖြတ်ကျော်ပို့ ဆောင်ရာတွင် လုပ်ငန်းများစွမ်းရည် တိုးမြင့်လာစေရေး၊ စရိတ်စက သက်သာစေရေးနှင့် စီးပွားရေးအကျိုး အမြတ်အမြင့်မားဆုံးရရှိရေးတို့အတွက် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးမှာ အရေးကြီးလာတာကို သိမြင်လာတဲ့အပေါ် အာရှဖွံ့ဖြိုးရေးဘဏ်က လည်းနည်းပညာအကူအညီပေးပြီး ဒေသတွင်း တညီ တညွတ်တ ည်းရှိစေမယ့် မဟာမဲခေါင်ဒေသခွဲ လူနှင့်ကုန်စည် များ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးသဘောတူညီ ချက် GMS Cross-Border Transport Agreement ကို ၂၀၀၆ ခုနှစ်မှစ၍ ရေးဆွဲခဲ့ကြပါတယ်။ အာဆီယံတွင် ASEAN Goods in Transit Multimodal Transport နှင့် Inter State Transport ဟူ၍ ၃ မျိုးခွဲခြား ဆောင်ရွက် သော်လည်း GMS-CBTA ၌ စာချုပ်တစ်ခုတည်းမှာ အကျုံးဝင်စေ ရန် အဲဒီကဏ္ဍများအားလုံး ရေးဆွဲထား သော စာချုပ်ဖြစ်ပါတယ်။ သဘောတူ စာချုပ်ဟာ မူဘောင် သဘောတူစာ ချုပ်ဖြစ်၍ အပိုဒ်ပေါင်း ၄၄ ခု၊ အပိုင်း ၁၀ ပိုင်း ခွဲခြားထားပါတယ်။ လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးရန် အတွက် အသေးစိတ်အချက်အလက် များ ဖော်ပြပါဝင်တဲ့ နောက်ဆက်တွဲ (Annex) ၁၇ ခု နဲ့ အခြေပြစာချုပ် ငယ် (protocol) ၃ ခုပါဝင်ပါတယ်။ အဖွဲ့ဝင်နိုင်ငံအားလုံးညှိနှိုင်းပြီး လက်ခံ အတည်ပြုမှသာ အကောင် အထည်ဖေါ်နိုင်မှာဖြစ်ပါတယ်။ အဲဒီနောက် ဆက်တွဲ (Annex) ၁၇ ခု နဲ့အခြေပြ စာချုပ်(protocol) ၃ ခုတို့ရဲ့ ခေါင်း စည်းများကတော့-
အန္တရာယ်ရှိသော ကုန် ပစ္စည်းများသယ်ဆောင်ခြင်း၊ နိုင်ငံတကာ သွားလာမှုအတွက် မော်တော် ယာဉ်များမှတ်ပုံတင်ခြင်း၊ ပုတ်သိုးပျက် စီးလွယ်သော ပစ္စည်းများ သယ်ဆောင် ခြင်း၊ နယ်စပ်ဖြတ်ကျော် လုပ်ထုံးလုပ်နည်းများ လွယ်ကူထိရောက်မြန်ဆန်ရေး၊ လူများနယ်စပ် ဖြတ်ကျော်သွားလာခြင်း၊ ပြည်တွင်းအကောက်ခွန်စစ်ဆေးခြင်းစနစ်၊ ယာဉ်သွား လာမှုစည်းမျဉ်းများနှင့် လမ်းညွှန်အမှတ်အသားများ၊ မော်တော်ယာဉ် များယာယီဝင် ထွက်ခြင်း။ ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူများကို လိုင်စင် ထုတ်ပေးခြင်း ဆိုင်ရာ စံချိန်စံညွှန်းများ။ ပို့ဆောင်ရေးဆိုင်ရာ သတ်မှတ်ချက်များ။ လမ်းနဲ့တံတား ဆောက်လုပ်မှု စံချိန်၊ စံညွှန်းများ။ လိုအပ်သည့် ၀န်ဆောင်မှုနှင့် အထောက် အကူပြုမှုများ၊ ဘက်စုံ သယ်ယူပို့ဆောင်သူများ တာဝန်။ ဘက်စုံသယ်ယူပို့ဆောင်သူများကို လိုင်စင်ထုတ်ပေးရေးဆိုင်ရာ စံချိန်စံညွှန်များ။ ကွန်တိန်နာဆိုင်ရာ အကောက်ခွန်စနစ်။ ကုန်ပစ္စည်းခွဲခြား သတ်မှတ်ချက်စနစ်။ယာဉ်မောင်းလိုင် စင်ဆိုင်ရာစံနှုန်းများ။ လမ်းကြောင်း များအ၀င်အထွက်နေရာများသတ်မှတ်ခြင်း။ ဖြတ်သန်းပို့ဆောင်ခြင်းဆိုင်ရာ အခွန်အခများ။လုပ်ငန်းပမာဏ အကြိမ်အရေအတွက် နှင့် ပါမစ်ထုတ် ပေးခြင်းတို့ဖြစ်ပါတယ်။
သဘောတူစာ ချုပ်ငယ်များ ကို တာဝန်ယူဆောင်ရွက်ရမဲ့ အဖွဲ့ အစည်းများမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်-
ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပို့ဆောင်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးစီမံ ကိန်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့ ဖြစ်ပါတယ်။
မဟာမဲခေါင်ဒေသခွဲ Cross - Border Transport Agreement ၏ စည်းမျဉ်း ၂၈ နှင့် ၂၉ တို့တွင် သဘော တူစာချုပ်ကို အကောင်အထည်ဖေါ်ရာ မှာ ထိထိရောက်ရောက်နဲ့ အကောင်း ဆုံးပူးပေါင်းဆောင်ရွက်မှုဖြစ်စေရေး အတွက် ကြပ်မတ်ဆောင်ရွက်ရန် National Transport Facilitation Committee-NIFC ကိုသက်ဆိုင်ရာနိုင်ငံ များမှာ ဖွဲ့စည်းရေး၊ အဲ့ဒီကော်မတီများမှ ကိုယ်စားလှယ်များဖြင့် Joint Committee ဖွဲ့စည်း၍ သဘောတူစာချုပ် အကောင်အထည်ဖော်ရေးကို ကြီးကြပ် ရန်ဖေါ်ပြထားပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံ မှာ အဆိုပါစာချုပ်များအကောင် အထည်ဖေါ်ရာတွင် မိမိတို့နိုင်ငံတွင်း နှင့် စာချုပ်အဖွဲ့ဝင်နိုင်ငံအချင်းချင်း အခက်အခဲနှင့် ပြဿနာပေါ်ပေါက် လာပါက ကိုင်တွယ်ဖြေရှင်း၍ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ လျင်မြန် ချောမွေ့စေရေးအတွက် ''ကုန်လမ်းပို့ ဆောင်မှု လျင်မြန်ချောမွေ့စေရေး ကော်မတီ''ကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးမှဥက္ကဌ အဖြစ်ဆောင်ရွက်၍ အဖွဲ့ဝင်၂၅ ဦး ပါဝင်ဖွဲ့စည်းခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ သဘောတူစာချုပ်၏ နောက် ဆက်တွဲနှင့် အခြေပြစာချုပ်ငယ်များ ညှိနှိုင်းခြင်း၊ လက်မှတ်ရေးထိုးခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ရန်ဖြစ် ပြီး နောက်ဆက်တွဲနဲ့ အခြေပြစာချုပ် ငယ်များ (၂၀)ခုလုံး လက်မှတ်ရေးထိုးခဲ့ ပြီးဖြစ်ပါတယ်။ လက်ခံအတည်ပြုရေး ကို ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း သတ်မှတ်ထား ပါတယ်။ အခြေပြစာချုပ် ငယ်များကို အဖွဲ့ဝင်နိုင်ငံအားလုံးလက်ခံ အတည်ပြုပြီးမှသာ သဘောတူစာချုပ် ကို အပြည့်အ၀အကောင်အထည် ဖေါ်နိုင်မှာဖြစ်ပါတယ်။
သဘောတူစာချုပ်ကိုအ ပြည့်အ၀အကောင်အထည်ဖေါ်ရန် ၂၀၁၀ ခုနှစ်ဟု သတ်မှတ်ထားပါတယ်။ ထိုအချိန်မတိုင်မီနယ်စပ်ဖြတ်ကျော်မှု ကနဦးအတွေ့အကြုံရရှိပြီး ပေါ်ပေါက်လာနိုင်တဲ့ အခက်အခဲများကို ကြိုတင် အဖြေရှာထားစေရန်နဲ့ လိုအပ်မဲ့အခြေခံအဆောက်အဦများ ထူထောင်ချိန်ရရှိစေရေးတို့အတွက် သတ်မှတ်ထားတဲ့ နယ်စပ် နေရာများမှာ နှစ်နိုင်ငံ သဘောတူ၊ ကနဦး အကောင်အထည် ဖေါ်ရန် ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင် ဆောင်ရွက်ရန် သတ်မှတ်ထားပါတယ်။
ကနဦးအကောင်အထည် ဖေါ်ရန် အရှေ့-အနောက်စီးပွားရေး စင်္ကြန်၊ တောင်-မြောက်စီးပွားရေး စင်္ကြန်နှင့် တောင်ပိုင်းစီးပွားရေးစင်္ကြန် ရဲ့ အဓိကကျတဲ့နယ်စပ်များဖြစ်တယ် -
-DanSaVanh(လာအို)-Lao Bao(ဗီယက်နမ်)
-Savarnakhet (လာအို)- Mukdahan (ထိုင်း)
-Poipet (ကမ္ဘောဒီးယား)- Aranyaprathet (ထိုင်း)
-Hekou (တရုတ်)- LaoCai (ဗီယက်နမ်)
-Moc Bai (ဗီယက်နမ်)- Bavet (ကမ္ဘောဒီးယား)
- မြ၀တီ(မြန်မာ)- Mae Sot (ထိုင်း)
- တာချီလိတ်(မြန်မာ)- Mae Sai (ထိုင်း)စတဲ့ နေရာတွေမှာ ထားဝယ်နဲ့ ဘန်ကောက် ဆက်စပ်မဲ့လမ်း AH-123 ကိုတောင်းပိုင်းစီးပွားရေးစင်္ကြန်တွင် ထည့်သွင်းတိုးချဲ့၍ ဖောက်လုပ်ရန် မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို ၁၉-၅-၂၀၀၈ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှာ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
အချုပ်ဆိုရလျှင် ပိုမိုဆက် သွယ်ယှက်နွယ်ပြီး အရည်အသွေး ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုဖြင့် ကြွယ်ဝချမ်းသာသော လူ့အသိုင်းအ၀ိုင်းဖြစ်ရေး ရည်မှန်းချက်ထားရှိသော မဟာမဲခေါင်ဒေသခွဲ၏ လုပ်ငန်းဆောင်ရွက်မှုတွင် လူနှင့်ကုန်စည်များ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးသဘောတူညီမှု CBTA သည် အရေးကြီးသော ခြေလှမ်း တစ်ခုဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ရပါတယ်။
Source: နကသ(ဦး)ကမရ
MIRT (DOBT)
် |