အမှိုက်ထဲမှ ဖြစ်ပေါ်လာသည့် ဒေါ်လာများ။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဟာ တစ်နှစ်တစ်နှစ်ကုန်သွယ်မှု ပမာဏတိုးမြှင့်လျက်ရှိပါတယ်။ ကုန်သွယ်မှုပမာဏတိုးမြှင့်တာနဲ့ အမျှ တင်ပို့တဲ့ပို့ကုန်ပစ္စည်းအမယ်များလည်း တစ်နှစ်ထက်တစ်နှစ်တိုးလာရာ အမယ်သစ်များတစ်ဘက်နိုင်ငံ ဈေးကွက်လိုအပ်ချက်အပေါ် ကုမ္ပဏီများက လေ့လာစုံစမ်းပြီး ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်အတွင်း မတ်ပဲ၊ လဲမှို့၊ အုံတုံခေါက်၊ စမုံစပါးတို့ကိုတင်ပို့ခဲ့ပါတယ်။ ၂၀၀၈-၀၉ ဘဏ္ဍာနှစ်မှာ ပထမဦးဆုံးရှာဖွေတင်ပို့နိုင်တဲ့အမယ်သစ်မှာ မြင်းခြံဒေသ ထွက်ဆေးရွက်ကြီး၊ ဆေးရိုးများမှ ထွက်ရှိတဲ့ ဘေးထွက်အမှုန်အမွှားများအား ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသများ မှာ ဘီဒီဆေးမှုန့်အဖြစ် အမည်သမုတ်ခေါ်ဆိုပြီး တစ်ဖက်နိုင်ငံသို့ ဇူလိုင်လအတွင်း တန်ချိန် ၅ တန်အား ရွှေပြည် ထွန်းတောက်ကုမ္ပဏီမှ အမယ်သစ်အဖြစ် စတင်ထိုးဖေါက်တင်ပို့ခဲ့ပါတယ်။ ၎င်းဘီဒီဆေးမှုန့်ဟာ တစ်ဖက်နိုင်ငံရှိ ငွေကြေးမတတ်နိုင်သူအများစုဟာ ဆေးလိပ်အဖြစ်သောက်သုံးရန် သတင်းစာစက္ကူနဲ့လိပ်ပြီး သုံးခြင်းဖြစ်တဲ့အတွက် နောင်မှာတင်ပို့မှု ဈေးကွက်အား ပိုမိုကျယ်ကျယ်ပြန့်ပြန့် တင်ပို့လာနိုင်မှာဖြစ်ပါတယ်။
Source:နကသ(မောင်တော)
လန်းဆန်းဦး
် |