MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (11-07- 08)

မောင်တောနယ်စပ်မှ ဖိနပ်များပိုမိုတင်ပို့နိုင်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဟာ တစ်ဘက်နိုင်ငံကို တင်ပို့တဲ့ ပို့ကုန်များမှာ သရက်သီး၊ ဆီးသီးခြောက်၊ လဲမှို့၊ ရေငန်ပုစွန်၊ ရေချိုပုစွန်၊ ငါးစုံလေးခြောက်၊ ၀ါးကြီး၊ ၀ါးသေး၊ ကြိမ်၊ ဓနိ၊ သနပ်ခါး၊ ရိုင်ရယ် ဒရိုင်းဂျင်၊ လန်ဒန်ရမ်၊ PVC Socket ၊ Ball Value ၊ Switch ၊ မျက်နှာသုတ်ပုဝါ၊ ဆီးယိုထုတ်၊ ဖိနပ်စသည်တို့ တင်ပို့လျက်ရှိပါတယ်။ အခုကာလဟာ မိုးရာသီဖြစ်တဲ့အတွက် မိုးစီးဖိနပ်များ အသုံးပြုရန် ၀ယ်ယူသူများလာတဲ့ အတွက် အရင်လကထက် ဖိနပ်များ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ် -

ယခင်လ
ယခုလ
ပိုမိုတင်ပို့နိုင်မှု
လူကြီးစီးဖိနပ် (ရံ)
၅၂၀၀
၂၃၂၅၀
၁၈၀၅၀
ကလေးစီးဖိနပ် (ရံ)
၂၃၀၉၅
၁၁၂၄၇၂
၇၉၃၇၇

ဖိနပ်တင်ပို့နိုင်မှုများကို နှိုင်းယှဉ်ကြည်မယ်ဆိုရင် မေလမှာ လူကြီးစီးဖိနပ် ၅၂၀၀ ရံ၊ ကလေးစီးဖိနပ် ၂၃၀၉၅ ရံ၊ တင်ပို့ခဲ့ပြီး အခုလမှာ လူကြီးစီးဖိနပ် ၂၃၂၅၀ ရံနဲ့ ကလေးစီး ဖိနပ် ၁၁၂၄၇၂ ရံတင်ပို့နိုင်ခဲ့တဲ့အတွက် ဖိနပ်အရံအားဖြင့် လူကြီးစီးဖိနပ်အရံ ၁၈၀၀၀ ကျော်၊ ကလေးစီးဖိနပ် ၈၀၀၀၀ နီးပါး၊ တန်းဖိုးအားဖြင့် ကန်ဒေါ်လာ ၂၇၀၀၀ ကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
မောင်တောနယ်စပ်က ဇွန်လအတွင်း ဘီဒီဆေးမှုန့်နဲ့ တရုတ်နိုင်ငံလုပ်ဝက်ခြံတင်းတိပ်ပျောက်ဆေးဘူး များကို တင်ပို့သွားဖို့ စီစဉ်လျက်ရှိကြောင်းလည်း နယ်စပ်ကုန်သည် အသင်းမှ သတင်းရရှိပါတယ်။

Source: နကသ(မောင်တော)
KKCM