ထိုင်းနိုင်ငံနဲ့ လာအိုအကြား ပထမဆုံးနယ်စပ်ဖြတ်ကျော်ရထားလမ်း။
၂၀၀၈ ခုနှစ်၊ သြဂုတ်လတွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသော ထိုင်းနိုင်ငံ ပထမဆုံးနယ်ခြား ဖြတ်ကျော် ပြေးဆွဲသောရထားသည် ဇူလိုင်လ ၄ ရက်နေ့က လာအိုသို့ စမ်းသပ် ပြေးဆွဲခဲ့တယ်လို့ သတင်းရရှိပါတယ်။ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ထိုင်းနဲ့ လာအိုအာဏပိုင်များ၊ ပုဂ္ဂလိက ဆိုင်ရာမှ ကိုယ်စားလှယ်များ၊ ဒေသတွင်း နေထိုင်သူများပါဝင်တဲ့ ဘန်ကောက်-နော်ခိုင် အမြန်ရထားသည် စတင်ထွက်ခွာခဲ့ပြီး ၃ ဒသမ ၅ ကီလိုမီတာ ရှည်သော ရထားလမ်းအသစ် ချောမွေ့မှုရှိမရှိကို စမ်းသပ်ခဲ့ကြပါတယ်။
နယ်စပ်ဖြတ်ကျော် ရထားလမ်းသစ်ဟာ နော်ခိုင်မှ ထိုင်း-လာအိုချစ်ကြည်ရေးတံတားကို ဖြတ်ကျော်၍ လာအိုရှိ သန်နာလန်ဘူတာကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ နှစ်နိုင်ငံအကြားကုန်ပစ္စည်းများ၊ ခရီးသည်များ တင်ဆောင်ရန် ရထားလမ်းသစ်တည်ဆောက်ခြင်းကို ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ၃ နှစ် နီးပါး အချိန်ယူဆောက်လုပ်ခဲ့ရပါတယ်။
ဒီစီမံကိန်းဟာ ဗီယက်နမ်မြို့တော်ကို ရောက်ရှိရန် ၂၀ ကီလိုမီတာအရှည်ရှိတဲ့ ရထားလမ်းကို ချဲ့ထွင်ခဲ့တာဖြစ်ပါတယ်။တံတားအလယ်က သန်နာလန်ဘူတာထိ ရထားလမ်း ဆောက်လုပ်ရန် ထိုင်းအစိုးရက လာအိုကို ချေးငွေဘတ် ၁၉၇ သန်း ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျန်ရှိတဲ့ အလုပ်တွေဖြစ်တဲ့ လ.၀.က ရုံး၊ အကောက်ခွန်ရုံးဆောက်လုပ်မှုအပိုင်းတွေကို ဆောက်လုပ် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ စီမံကိန်းတာဝန်ရှိသူ Durit Pramotenee ကပြောကြားခဲ့ပါတယ်။ စမ်းသပ်ပြေးဆွဲ တဲ့ကာလအတွင်းလူ အများအခမဲ့ စီးနင်းခွင့်ရရှိမှာဖြစ်တယ်လို့ နော်ခိုင်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲ ဖြစ်သူ Kobkiat Kamchara က ပြောကြားခဲ့ပါတယ်။
ဒီနယ်ခြားဖြတ်ကျော်ရထားလမ်း ဆက်သွယ်ပေးမှုကြောင့် နိုင်ငံခြားသား ခရီးသွားလာမှုလုပ်ငန်းများ မဲခေါင်ဒေသပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့်စီးပွားရေး တိုးတက်မှု များ ဖြစ်ထွန်းရရှိစေမှာ ဖြစ်တယ်လို့ Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။
Source: နကသ (မြ၀တီ)
ခင်မာရီသိန်း
် |