ကန့်ချုပ်နီ ကျပ် ၁၂ သန်းကျော်ဖိုးတင်ပို့်။
အပွင့်အရောင်ကိုစွဲ၍ ပရဆေးပင်တစ်မျိုးဖြစ်တဲ့ ကန့်ချုပ်နီ၊ ကန့်ချုပ်နက်၊ ကန့်ချုပ်ဖြူ ဆိုပြီး ရှိတဲ့အနက် ကန့်ချုပ်နီကို မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တစ်ဘက်နိုင်ငံသို့ ၂၀၀၈ ခုနှစ် ဇူလိုင်လ ပထမပတ် အတွင်း တန်ချိန် ၁၀ တန်ကျော်၊ တန်ဖိုးအားဖြင့် ကျပ်သန်း ၁၂ ဒသမ ၆ သန်းကျော် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ကန့်ချုပ်နီ တစ်တန် ပျမ်းမျှဈေးနှုန်းဟာ ၁၂ သိန်းကျော်ရှိပြီး ၂၀၀၇ ခုနှစ် ၊ သြဂုတ်လက တန်ချိန် ၁၅ တန်ကျော်၊ တန်ဖိုးကျပ်သန်း ၁၉ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
Source: နကသ (ကော့သောင်း)
စိုးလှိုင်
် |