မောင်တောဒေသမှ ဇွန်လအတွင်း ရေငန်ပုစွန် ကန်ဒေါ်လာ ၉သောင်းကျော်ဖိုးခန့် တင်ပို့နိုင်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်တန်ချိန် ၁၆၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၈၀၀၀၀ ကျော်ဖိုးတင်ပို့နိုင်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ အနီးစပ်ဆုံးကာလထက် ၉၄ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅သိန်းကျော်ဖိုး ပိုမိုတင်ပို့ နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ယခုလို ဇွန်၊ ဇူလိုင်၊ သြဂုတ်မိုးရွာသွန်းချိန်များမှာ ပုစွန်ထွက်ရှိမှု အများဆုံးဖြစ်ပြီး တစ်ဘက်နိုင်ငံ တက္ကနာ့ဗ် ကနေ ကော့ဘဇားသို့ တဆင့် သယ်ယူပြီး အအေးခန်းစက်ရုံများမှာ Value Added ပြုလုပ်ကာ တတိယနိုင်ငံများ ကိုအမြောက်အများတင်ပို့ တယ်လို့သိရပါတယ်။ တစ်ဘက်နိုင်ငံမှ ၀ယ်လိုအားများတဲ့အတွက် မိမိနိုင်ငံမှ ထွက်ရှိတဲ့ ပုစွန်အား ၁ကီလိုလျှင် တာကာ ၄၈၀ မှ ၅၂၀ (၆ ဒသမ ၉၅ ဒေါ်လာမှ ၇ ဒသမ ၅၃ ဒေါ်လာ) နှုန်း ပေးဝယ်ယူလျက်ရှိတဲ့အတွက် မိမိကုန်သည်များလည်း ပိုမိုတင်ပို့နိုင်တာဖြစ်တယ်လို့ မောင်တောနယ်စပ်ကုန်သည် တစ်ဦးထံမှ သိရှိရပါတယ်။
Source: နကသ (မောင်တော)
KKCM
် |