MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (08-07- 08)

နော့်ခိုင်ခရိုင်နဲ့ ဘူလီလန်ခရိုင်တို့က ရောင်းချမဲ့ရော်ဘာ အာမခံချက်ရှိ။

နောင်လာမဲ့ ၁၅ နှစ်အတွင်း ရော်ဘာဈေးနှုန်းမြင့်တက်လာမယ်လို့ ထိုင်းလယ်ယာနဲ့ စိုက်ပျိုးရေးဝန်ကြီး နိုင်ထိလချိုင်ဆဲကဲရော့က ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ရော်ဘာမှာယူမှုများပြားလာတဲ့အတွက် ဈေးကွက်ကြီးမားကြောင်း၊ ရော်ဘာအကောင်းစား ပထမတန်းစားမှာ တစ်ကီလို ၉၉ ဒသမ ၃၂ ဘတ်နှုန်းနဲ့ ယခုတစ်လ နှစ်လ အတွင်း ရှိနေကြောင်း၊ ရော်ဘာပိုင်ရှင်များမှ ယခုဈေးနှုန်းကို လက်ခံကြကြောင်း၊ ဒီလိုရော်ဘာ ဈေးကောင်းလာတဲ့အတွက် ၂၀၀၇ ခုနှစ်က စပြီးထိုင်းနိုင်ငံမှာ ရော်ဘာစိုက်ဧက ၁၅ ဒသမ ၃၅ သန်း ရှိလာပါ တယ်။အောက်ပိုင်းဒေသမှာ ဧက ၀ ဒသမ ၁၅၇ သန်း၊ အရှေ့အလယ်ပိုင်းမှာ ဧက ၀ ဒသမ ၆၀၃ သန်း၊ တောင်ပိုင်းဒေသမှာ စိုက်ဧက ၀ ဒသမ ၁၈ သန်း စိုက်ပျိုးမှုရှိလာပါတယ်။
ထိုင်းအရှေ့မြောက် ပြည်နယ်များမှာလည်း ရော်ဘာစိုက်ပျိုးမှုတိုးမြှင့်နေပါတယ်။ ထိုင်းနိုင်ငံအထက်ပိုင်း ဒေသများမှာ ရော်ဘာဈေးနှုန်းကို ကွန်ပျူတာနဲ့ ညှိနှိုင်း လုပ်ဆောင်နေ ကြပါတယ်။ ရော်ဘာစိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေးအတွက် အာမခံချက်တွေရရှိနေပါပြီ။ ရော်ဘာဈေးကွက်ဖြစ်နေတဲ့ နော့်ခိုင်ခရိုင်နဲ့ ဘူလီလန်ခရိုင်တို့က လာမဲ့သြဂုတ်လ အတွင်း ရောင်းချမဲ့ရော်ဘာသည် အာမခံရှိပြီး ဈေးနှုန်းလည်း သင့်မြတ်မှုရှိတယ်လို့ ထိုင်းလပ် သတင်းစာမှာ ဖော်ပြထားပါတယ်။
Source: နကသ (မြ၀တီ)
ခင်မာရီသိန်း