တနင်္သာရီတိုင်းက ရေမှော်ခြောက်များတောင်ကိုရီးယားကို တင်ပို့ဖို့စီစဉ်နေ။
တောင်ကိုရီးယားနိုင်ငံက MSC ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စပြီး မြိတ်မြို့မှာ ကုမ္ပဏီရုံးခန်းဖွင့်လှစ်ထားပြီး ရေငန်ဓာတ်ပါတဲ့ ရေစီးရေလာကောင်းမွန်တဲ့ တနင်္သာရီ ကျွန်းစု ဒေသမှာ ရေမှော်မွေးမြူရေး သုတေသန ပြု စမ်းသပ်မှုလုပ်လျက်ရှိပါတယ်။
အဲဒီကုမ္ပဏီရဲ့ လက်ရှိရင်းနှီးမြှုပ်နှံမှုဟာ ကန်ဒေါ်လာ ၁၂ သန်းရှိပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ စိုက်ပျိုးထွက်ရှိလာတဲ့ ရေမှော် ကုန်ကြမ်းတွေကို အဆင့်ဆင့်ထုတ်လုပ်ဖို့ မြိတ်စက်မှုဇုန်မှာ မြေနေရာများလည်း စီမံထားပြီးဖြစ်ပါတယ်။အခုလည်း တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ပင်မကုမ္ပဏီ ကိုပို့ဖို့ စုဆောင်း ထားတဲ့ ရေမှော် ၁၁ တန်ခန့်ကို တင်ပို့ဖို့ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။
ကမ္ဘာမှာ ရေမှော်မွေးမြူရေးကို အမေရိကန်နိုင်ငံဟာ ဖိလစ်ပိုင်ကျွန်းစု ၊ ဂျပန်နိုင်ငံဟာ မလေးရှားနဲ့ အင်ဒိုနီးရှားကျွန်းစုတို့မှာ မွေးမြူထုတ်လုပ်နေကြပါတယ်။ ၀က်အူချောင်း၊ ကြက်အူချောင်း စတဲ့ စားသောက်ကုန် တွေကြာရှည်ခံအောင် ပြုလုပ်ရာမှာလည်းကောင်း၊ အရောင်ထည့်သွင်းရာမှာလည်းကောင်း၊ ဂျယ်လီပြုလုပ်ရာမှာ လည်းကောင်း သုံးစွဲကြ တယ်လို့သိရပါတယ်။ MSC ကုမ္ပဏီက ရေမှော်မွေးမြူရာမှာ မျိုးပင်စုဆောင်းပေးခြင်း၊ စိုက်ပျိုးနည်းစနစ်ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးမယ်လို့သိရှိရပြီး ရေမှော်စိုက် ပျိုးသူတစ်ဦးရဲ့ တစ်ရက် ၀င်ငွေဟာ သာမန်ငါးဖမ်းလုပ်သားတစ်ဦး ၆ ရက်စာလုပ်ခနဲ့ ညီမျှတဲ့အတွက် မြိတ်ဒေသခံများ စိတ်ဝင်စားနေကြတယ်လို့ သတင်းရရှိပါတယ်။
Source:နကသ (မြိတ်)
မောင်မောင် (ကိုင်-၁)
် |