မြ၀တီနယ်စပ် ဇွန်လအတွင်းသစ်သီးမျိုးစုံကျပ် ၂၅ သန်းကျော်ဖိုးတင်သွင်း။
မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ၂၀၀၈ ခုနှစ် ၊ ဇွန်လ အတွင်း သစ်သီး တင်သွင်းမှုတန်ချိန် ၆၀ ကျော်နှင့် တန်ဖိုးကျပ် ၂၅ သန်းကျော်ဖိုး တင်သွင်းခဲ့ပါတယ်။
တင်သွင်းခဲ့သော သစ်သီးများကတော့ ပန်းသီး ၂၄ တန်၊ တန်ဖိုးကျပ် ၁၁ ဒသမ ၅ သန်း၊ လိမ္မော်သီး ၂၈ တန်ကျော်၊ တန်ဖိုးကျပ် ၉ ဒသမ ၅ သန်းကျော် နဲ့ ဒူးရင်းသီး ၁၃ တန် ကျော်၊ တန်ဖိုးကျပ် ၄ သန်းကျော် တင်သွင်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
Source: နကသ (မြ၀တီ)
ယဉ်ယဉ်ဆွေ
် |