MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (03-07- 08)

ချင်းရွှေဟော်နယ်စပ်စခန်းမှ ဇွန်လတွင် ရော်ဘာပိုမိုတင်ပို့နိုင်။

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ တစ်ဘက်တရုတ်နိုင်ငံသို့ ရော်ဘာပို့ကုန်သာတင်ပို့နိုင်တဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ အခုလမှာတော့ တစ်ဘက်နိုင်ငံကုန်ဝယ်ကုမ္ပဏီများရဲ့ ရော်ဘာ စိုက်ပျိုးထုတ်လုပ်ထွက်ရှိမှုပေါ် အခြေခံပြီး ကာလသတ်မှတ်ချက်နဲ့ တစ်နှစ်မှာ တစ်ကြိမ် အခွန်တစ်ဝက်လျော့စနစ် နဲ့ တင်သွင်း ခွင့် ရရှိထားတဲ့ ကာလဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှ ရော်ဘာများကို ပိုမိုဝယ်ယူနေကြတယ်လို့ သိရပါတယ်။
ဇွန်လမှာ ရော်ဘာ MSRတန်ချိန် ၁၇၀၊RSS-3 တန်ချိန် ၄၀၀ ကျော်၊ RSS-5 တန်ချိန် ၄၀၀ ကျော်နဲ့ Cup Lump တန်ချိန် ၄၀ ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အနီးစပ် ဆုံးကာလဖြစ်တဲ့ မေလမှာ ရော်ဘာတန်ချိန် ၁၈ တန် ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၀ ဒသမ ၃၄၉ သန်းဖိုး တင်ပို့နိုင်ခဲ့တဲ့အတွက် မေလထက် ရော်ဘာတန်ချိန် ၈၃၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၅၁ သန်းကျော် ဖိုးပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။
ဇွန်လ ကုန်သွယ်မှုပမာဏဟာ အနီးစပ်ဆုံးကာလ မေလထက် ကန်ဒေါ်လာ ၁ ဒသမ ၆၉ သန်း နဲ့ ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၂ ဒသမ ၀၆၇ သန်းဖိုး ပိုမို ဆောင်ရွက် နိုင်ခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေးရုံး မှ သတင်းရရှိပါတယ်။


Source: နကသ (ချင်းရွှေဟော်)
KKCM