MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (18-01- 08)

ဒေါ်လာ ၁ သိန်းကျော်တင်ပို့နိုင်သည့် မောင်တောစခန်း။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်သော မောင်တောနယ်စပ်စခန်း၏ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ၁၄ ရက်ထိ ပို့ကုန်ဒေါ်လာ ၁ သိန်းကျော်ဖိုး ဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူ တန်ဖိုးထက်ဒေါ်လာ ၅ သောင်းကျော်ကိုပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသတင်းရရှိသည်။
အဓိကပို့ကုန်ပစ္စည်းများမှာ ရေထွက်ပစ္စည်းများဖြစ်သည့် ရေငံပုစွန် ၇၀၀၀ ကီလို၊ ရေချိုပုစွန် ၃၀၀၀ ကီလိုနှင့် ငါးစုံကလေးခြောက် ၈၀ တန်ခန့်ဖြစ်ပါသည်။ အခြားပို့ကုန်များ တွင် စမုတ်စပါး ၁ တန်၊ ဆီးယိုထုပ် ၅ တန်၊ သနပ်ခါးခဲ ဒါဇင် ၁၀၀၀ ၊ ၀ါးလုံး (ကြီး/သေး) ၃ သိန်း၊ ဓနိဖက် ၉၀၀၀၀ ချပ်နှင့် ဖိနပ် (ကြီး/သေး) ၆၀၀၀၀၊ နှင့် လုံချည်ကြမ်း ၉၀၀၀ ထည်တင်ပို့ နိုင်ခဲ့သည်ဟု သတင်းရရှိပါသည်။                                     

Source:နကသ (မောင်တော)
ကြည်စန်း