MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (18-01- 08)

မြိတ်နယ်စပ်စခန်းက ဇန်န၀ါရီလပတ်အတွင်း ကန်ဒေါ်လာ ၂ ဒဿမ ၅ သန်းကျော် ကုန်သွယ် ရေထွက်ပစ္စည်းနှင့်ရာဘာ အဓိက တင်ပို့နိုင်။

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ် FOB နယ်စပ်ကုန်သွယ်ရေးစခန်းသည် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း ပို့ကုန်အနေဖြင့် ရေထွက်ကုန်ပစ္စည်းနှင့် ရာဘာစုစုပေါင်း တန်ဖိုးကန်ဒေါ်လာ ၂ ဒဿမ ၄ သန်းကျော်တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်ပိုင်းအနေဖြင့် စားအုန်းဆီနှင့် သီးစုံဓာတ်ဆား (Royal-D) စုစုပေါင်း တန်ဖိုး ဒေါ်လာ ၅ သောင်းကျော် တင်သွင်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် ဒေါ်လာ ၂ ဒဿမ ၅ သန်းကျော် ဆောင်ရွက်နိုင်ခဲ့သည်။
အနီးစပ်ဆုံးကာလ ဒီဇင်ဘာ ၁၅ ရက်အတွင်း ကုန်သွယ်မှုပမာဏနှင့်နှိုင်းယှဉ်လျှင် ဒေါ်လာ ၀ ဒဿမ ၂ သန်းကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။ ထို့ကြောင့် ဇန်န၀ါရီလ ၁၅ ရက်အတွင်း ငါးမျိုးစုံ၊ ကျောက်ပုစွန် (အရှင်+ အသေ)၊ အေးခဲကဏန်းပျော့၊ အေးခဲကင်းမွန်၊ ငါးအသားလွှာ၊ ကင်းပုစွန်(အရှင်) နှင့် ရာဘာများ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း မြိတ်စခန်း မှ သိရသည်။
                                     
စိုးလှိုင်
Source:နကသ(မြိတ်)