ကော့သောင်းစခန်းကင်းမွန် (Squid) ပိုမိုတင်ပို့။
နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သော ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်စခန်း၏ ရေထွက်ပစ္စည်း တစ်မျိုးဖြစ်သည့် ကင်းမွန် (Squid) တင်ပို့မှုသည် ကာလတူထက် ပိုမိုတင်ပို့ကြောင်းသိရသည်။ ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ပထမ ပတ်တွင် တန်ချိန် ၁၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ဒီဇင်ဘာ ကာလတူတွင် တန်ချိန် ၈၀ ကျော်သာတင်ပို့နိုင်ခဲ့သည်။ကင်းမွန် တစ်ကီလိုလျှင် ပျမ်းမျှ ဈေးနှုန်းမှာ မိမိဘက်ဈေးတွင် ၁၂၂၅ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံဈေးနှုန်းမှာ ဘတ် ၄၀ ရှိကြောင်း သိရသည်။
Source:နကသ (ကော့သောင်း)
စိုးလှိုင်
|