စစ်တွေနယ်စပ်စခန်း၏ ဒီဇင်ဘာလကုန်သွယ်မှုအခြေအနေ။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်သော စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ကုန်တန်ဖိုး ကန်ဒေါ်လာသန်း ၁ ဒဿမ ၇၀၆ နှင့် သွင်းကုန် တန်ဖိုး ကန်ဒေါ်လာသန်း ၀ ဒဿမ ၀၃၆ စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာသန်း ၁ ဒဿမ ၇၄၂ ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။
၂၀၀၇ ခုနှစ် ဒီဇင်ဘာလအတွင်း အများဆုံးပို့ကုန် ၁၀ မျိုးမှာ ငါးမျိုးစုံ၊ မကျည်းစေ့၊ ဆီးယိုထုပ်၊ ဆီးဖတ်၊ ဆီးသီးခြောက်၊ နနွင်းတက်၊ ငါးစုံကလေးခြောက်၊ မကျည်း သီး(အစေ့ပါ)၊ လန်ဒန်ရမ်(၁လီတာ)၊ ဒရိုင်းဂျင် (၁လီတာ) တို့ဖြစ်ကြောင်း သတင်းရရှိသည်။အများဆုံးသွင်းကုန်မှာ ဓာတ်မြေသြဇာ တစ်မျိုးတည်းသာ တင်သွင်းခဲ့ သည်။
တင်တင်ထွန်း
Source: နကသ(စစ်တွေ)
် |