ကော့သောင်းနယ်စပ်စခန်း၏ ဒီဇင်ဘာလအတွင်း ငါးဆားနယ်ရောင်းအားတက်။
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလအတွင်း ငါးဆားနယ် တန်ချိန် ၆၀ တင်ပို့ခဲ့ရာ ကန်ဒေါ်လာ ၉၀၀၀၀ ကျော်ဖိုး ၀င်ငွေရရှိသည်။ ယခင် ၂၀၀၇ နိုဝင်ဘာလတွင် ၁၀ ဒဿမ ၅ တန်တင်ပို့မှုမှ ဒေါ်လာ ၁၅၈၄၀ နှင့်အောက်တိုဘာလတွင် ၁၇ ဒဿမ ၆တန်တင်ပို့ခဲရာ ဒေါ်လာ ၁၉၉၀၀ ဖိုးအသီးသီးရရှိခဲ့သည်။ ကော့သောင်းစခန်း၏ ငါးဆားနယ်တစ်တန်ပျမ်းမျှ ဈေးနှုန်းမှာ ဒေါ်လာ ၁၅၀၀ ခန့်ရှိကြောင်း သတင်းရရှိသည်။
စိုးလှိုင်
Source: နကသ (ကော့သောင်း)
် |