MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (17 -12- 07)

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနှင့်အဖွဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံနှင့် တာဝန်ရှိသူများတွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး။

ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Maj Gen A.R.Rokonuddawla.ndc.psc စီးပွားရေးကောင်စစ်ဝန် နှင့် စစ်တွေကောင်စစ်ဝန်အဖွဲ့၊ နယ်စပ်ကုန် သွယ်ရေးဦးစီးဌာန၊ မောင်တောစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်သူရ ၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးအောင်ထွေးနှင့် နယ်စပ်ကုန်သည်အသင်းဝင် (၉)ဦးတို့ သည် မောင်တောမြို့၊ ဒေ၀ါနဒီခန်းမတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ ၁၆း၀၀ နာရီ၌ တွေ့ဆုံ၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် မြန်မာဘက်မှ မောင်တောနှင့်တက္ကနဗ်အကြား နယ်စပ်ကုန် သွယ်ရေးအား ၁၉၉၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၉၅ ခုမှစ၍ နှစ်နိုင်ငံ အကြားတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုနာလီဘဏ်တို့ ဆက်သွယ်၍  Bank Draft ဖြင့် အမေရိကန်ဒေါ်လာ ကို အခြေခံပေးချေပြီး ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိ Bank Draft တန်ဖိုးအား အမေရိကန်ဒေါ်လာ ၁၀၀၀၀ ထိ ဆောင်ရွက်ခွင့်ရရှိပါကြောင်း၊ မကြာမီ Bank Draft တန်ဖိုးအား ဒေါ်လာ ၂၀၀၀၀ ထိဆောင်ရွက်ခွင့် ရရှိမည်ဟု သိရှိရပါကြောင်း၊ နှစ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်အမယ်သစ်များတိုး မြှင့်တင်ပို့တင်သွင်းခြင်းဖြင့် နှစ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏ အားတိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ဆွေးနွေးခဲ့သည်။

          ဘင်္ဂလားဒေ့ရှ်ဘက်မှ အောက်ပါပစ္စည်းများကို တင်ပို့ပေးနိုင်ပါကြောင်း -
          (၁) ဘိလပ်မြေ
          (၂) PVC ပိုက်မျိုးစုံ
          (၃) အလှကုန်ပစ္စည်းမျိုးစုံ
          (၄) ပုစွန်သားပေါက်
          (၅) အလူမီနီယံပစ္စည်းမျိုးစုံ
          (၆) စတီးပစ္စည်းများ
          (၇) အသင့်ချုပ်ထည်များ
          (၈) မယ်လမင်းပစ္စည်းများ
          (၉) ပလပ်စတစ်ပစ္စည်းများ
          (၁၀)မုန့်မျိုးစုံနှင့်အချိုရည်များ
          (၁၁)ဂုန်လျှော်ထွက်ပစ္စည်းများ
အောက်ပါပစ္စည်းများအား ၎င်းင်းတို့နိုင်ငံဖက်မှ ၀ယ်ယူလိုပါကြောင်း -
          (၁) ဆန်
          (၂) ပဲမျိုးစုံ
          (၃) ကြက်သွန်နီ
          (၄) ဟင်းခတ်အမွှေးအကြိုင်
          (၅) ကျွဲ^နွား
          (၆) သားရေမျိုးစုံ
          (၇) သစ်
          (၈) ၀ါး                   

တက္ကနဗ်ဆိပ်ကမ်းအားနှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ မြေ(၂၇)ဧက သိမ်းယူ၍ အဆင့်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ မောင်တောဆိပ်ကမ်းကိုလည်း အဆင့်မြှင့်ပေး စေလိုကြောင်း၊ Bank Draft တန်ဘိုးဒေါ်လာ ၂၀၀၀၀ ထိ ဆောင်ရွက်နိုင်စေရန်အတွက် အစိုးရမှ သဘောတူညီပြီး ဖြစ်၍ မကြာမီ ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ မောင်တောကုန်သည်များအသင်းနှင့် ကော့ဘဇားကုန်သည် များ အသင်းတို့ အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခြင်း များပြုလုပ်ခြင်းဖြင့် အပြန်အလှန်နားလည်မှုများ ရရှိလာမည်ဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက်ကုန်စည်ကူးသန်းရောင်းဝယ်မှုများ တိုးမြှင့်လာ နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်သည်များ ပူးပေါင်း၍ စစ်တွေ မောင်တော စစ်တကောင်း  ကောဘဇား  တက္ကနဗ် သင့်လျော်ရာ နေရာတွင်ကုန်စည်ပြပွဲများ ကျင်းပခြင်းဖြင့် နှစ်ဖက်ကုန်စည် များ ပိုမိုတိုးမြှင့် ကူးသန်းရောင်းဝယ်လာနိုင်မည်ဖြစ်၍ ကုန်စည်ပြပွဲတစ်ခု ပြုလုပ်ကျင်းပနိုင်ရေးဆောင်ရွက်လိုပါကြောင်း၊ မောင်တော ကုန်သည်များအသင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည်များနှင့်ပူးပေါင်း၍နှစ်ဖက်အကျိုးတူစိုက်ပျိုးရေး  မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် တင်ပြဆောင်ရွက်စေလို ကြောင်း၊

၂၀၀၈ ခုနှစ်၊ မတ်လတွင် ရန်ကုန်မြို့၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကုန်စည်ပြပွဲ တစ်ခုကျင်းပရန်ရှိပါကြောင်း၊ သို့မှသာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထွက်ကုန်ပစ္စည်းများ ကို မြင်တွေ့နိုင်ပြီး ကုန်သွယ်မှုအတွက် စဉ်းစားနိုင် မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက် အရ တက္ကနဗ်နှင့် မြန်မာပြည်ကြား ကုန်သွယ်မှုဆောင်ရွက် ရန်အတွက် တန်ချိန် ၅၀၀ အောက်၊ ရေယာဉ် ၂၅ စီး စီသွားလာခွင့် သဘောတူညီထားပြီးဖြစ်၍ မြန်မာနိုင်ငံဖက်မှ ရေယာဉ်ကြီးများ တည်ဆောက်အသုံးပြုရေးအတွက် ဆောင်ရွက် ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လေမုန်တိုင်းဒဏ်ကြောင့် စားနပ်ရိက္ခာပြတ် လပ်မှုများ ကြုံတွေ့နေရသဖြင့် မြန်မာနိုင်ငံမှ ဆန်နှင့်ပဲမျိုးစုံ တင်ပို့မှုဆောင်ရွက်ပေးနိုင်ရေးကို မျှော်လင့် လျက်ရှိပါ ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

KMMH
Source: (မောင်တော)