မြန်မာကြက်သွန်နီ ထိုင်းကိုပို့။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၀၈ ခုနှစ် သြဂုတ်လ တတိယပတ်တွင် ကြက်သွန်နီတန်ချိန် ၁၈၀ ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၅ သောင်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ကြက်သွန်နီ အပါအ၀င် ငါးမျိုးစုံ၊ ကဏန်း၊ ငါးရှဥ့်၊ ငါးပိ၊ ခရု၊ ပုစွန်၊ ဖိနပ်၊ ကွမ်းသီး၊ လင်းနေနှင့် ပွေးကိုင်းရွက်တို့ကိုလည်း စုစုပေါင်း တန်ချိန် ၄၀၀ နီးပါး၊ တန်ဖိုး ကန်ဒေါ်လာ ၄ သိန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
Source:နကသ(မြ၀တီ)
ယဉ်ယဉ်ဆွေ
် |