MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (18 - 08 - 08)

မြန်မာ့ဆေးရိုးများ အိန္ဒိယသို့အလည်သွား။

မြန်မာ့ဆေးရိုးများကို မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ပို့ကုန် လိုင်စင်လျှောက်ထားပြီး အိန္ဒိယနိုင်ငံသို့ ကုန်သည်အချို့ကတင်ပို့လျက်ရှိပါ တယ်။ အဲဒီ ဆေးရိုးများကို အိန္ဒိယနိုင်ငံ သားများက ပြုတ်၊ ပေါင်း၍ အရည်လုပ်ပြီး ဆေးရိုးပေါင်းရည်အား ကျန်းမာရေးနဲ့ ကိုက်ညီစေဖို့ ငုံတဲ့ဓလေ့ရှိတယ်လို့ သိရပါတယ်။ သာမာန် လူတန်းစားများက အရက်အစားသောက်သုံးတယ်လို့လည်း သိရှိရပါတယ်။အဲဒါအပြင် ဆေးရိုးအား ပေါင်း၍ပြုပြင်ပြီး ကွမ်းနှင့်စားဆေး၊ အာမွှေး၊ 92 အမွေးအကြိုင်အဖြစ် မြန်မာ နိုင်ငံတွင်းသို့ ပြန်လည်တင်သွင်းကြတယ်လို့လည်း သတင်းရရှိပါတယ်။ဇွန်လတွင် ဆေးရိုး ၄ ဒသမ ၇ တန် တင်ပို့ရောင်းချ နိုင်ပြီး ဇူလိုင်လတွင် ဆေးရိုး (၁၃)တန် တိုးတက် တင်ပို့ ရောင်းချနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ဆေးရိုး တစ်တန်ကို ကျပ် ၅၀၀၀၀ ကျော်ဈေးရရှိတယ်လို့ ကုန်သည်များထံက သိရှိရပါတယ်။

Source:နကသ (ရိဒ်)
အေးအေးမြ