မြ၀တီနယ်စပ်မှ သြဂုတ်လ ပထမပတ်ရေထွက်ပစ္စည်း ၁၆၄ တန်ကျော်တင်ပို့နိုင်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၀၈ ခုနှစ် သြဂုတ်လ ပထမပတ်မှာ ပို့ကုန် ရေထွက်ပစ္စည်း ၁၆၄ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ သိန်းကျော်ဖိုး တင်ပို့ခဲ့ပါတယ်။
သြဂုတ်လ ပထမပတ်နဲ့ ဇူလိုင်လ ပထမပတ်တင်ပို့မှု နှိုင်းယှဉ်မယ်ဆိုရင် တန်ချိန်အားဖြင့် ၄၃တန်ကျော် တန်ဖိုးအားဖြင့် ၁ သိန်း ကျော် ပိုမိုတင်ပို့ခဲ့တာတွေရပါတယ်။ သြဂုတ်လ ပထမပတ် တင်ပို့ခဲ့တဲ့ အများဆုံးရေထွက်ပစ္စည်းများကတော့ ငါးမျိုးစုံနဲ့ ကဏန်းတို့ဖြစ်ကြောင်း သတင်းရရှိပါတယ်။
Source:နကသ(မြ၀တီ)
သန်းသန်းဆွေ
် |