MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (09-04- 08)

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကုန်သွယ်မှုတိုးတက်လျက်ရှိ။

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ၂၀၀၈ ခုနှစ်၊ မတ်လ၌ ပို့ကုန်ပိုင်းတွင် ကန်ဒေါ်လာ ၅၈ ဒသမ ၁၆၃ သန်း၊ သွင်းကုန်ပိုင်းတွင် ကန်ဒေါ်လာ ၃၈ ဒသမ ၇၃၀ သန်းဖိုးဆောင်ရွက်ခဲ့ရာ ကုန်သွယ်မှုပမာဏ အနေဖြင့် ကန်ဒေါ်လာ ၉၆ ဒသမ ၈၉၃ သန်း ရှိခဲ့သည်။ အနီးစပ်ဆုံးကာလဖြစ်သော ဖေဖော်ဝါရီလ နှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၉ သန်းကျော်ပိုမိုကုန်သွယ်နိုင်ခဲ့ပြီး ကာလတူ ဖြစ်သော ၂၀၀၇ ခုနှစ်၊ မတ်လနှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၀ သန်းကျော် ပိုမိုဆောင်ရွက် နိုင်ခဲ့ပါသည်။

Source: နကသ (မူဆယ်)
မင်းမင်း