MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (03-04- 08)

မြိတ်နယ်စပ်စခန်း မတ်လအတွင်း ဒေါ်လာ ၆ ဒသမ ၄သန်းကျော်ဖိုးကုန်သွယ် ငါးမျိုးစုံအများဆုံး တင်ပို့၊စားအုန်းဆီအများဆုံး တင်သွင်း။

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်(FOB)နယ်စပ်ကုန်သွယ်ရေးစခန်းသည် ရေထွက်ကုန်ပစ္စည်းများအား အဓိက တင်ပို့ ပြီးနိုင်ငံခြားငွေများရှာဖွေပေးလျက်ရှိရာ၂၀၀၈ခုနှစ်၊ မတ်လ အတွင်း ပို့ကုန်ကန်ဒေါ်လာ၆ ဒသမ ၃ သန်း ကျော်နှင့် သွင်းကုန်ကန်ဒေါ်လာ ၀ ဒသမ ၁ သန်းကျော် ဆောင်ရွက်ခဲ့၍ ကုန်သွယ်မှုပမာဏ ၆ ဒသမ ၄ သန်း ကျော်ဖိုးခဲ့သည်။ မတ်လအတွင်း တင်ပို့မှုတွင် ငါးမျိုးစုံကို ကန်ဒေါ်လာ ၄ ဒသမ ၂ သန်းဖြင့် အများဆုံးတင်ပို့နိုင်ပြီး တင်သွင်းမှုတွင် စားအုန်းဆီကို ဒေါ်လာ ၁ သိန်း ကျော်ဖိုးဖြင့် အများဆုံး တင်သွင်းကြောင်းသတင်းရရှိသည်။

Source:နကသ(မြိတ်)
စိုးလှိုင်း