မြန်မာ့ရေထွက်ပစ္စည်း ငါး၊ ပုစွန်များ တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေး။
မြန်မာနိုင်ငံသည် ရေသယံဇာတပေါများသောနိုင်ငံဖြစ်သည်နှင့်အညီ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဖန်တီးဖော် ဆောင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်၌် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ရေငန်ပုစွန်သားပေါက်စခန်း ၂၀ မှ တစ်နှစ် လျှင် ရေငန်ပုစွန်သားပေါက်ကောင်ရေ ၁၆၈ သန်းကျော် ထုတ်လုပ်ရောင်းချပေးနိုင်ခဲ့ပြီး ရခိုင်ပြည်နယ် မှအပ ပြည်နယ်နှင့်တိုင်း ၁၃ ခုတွင် ငါးမွေးမြူရေးကန်ဧက ၂၁၂၂၃၄ ဧကကျော်နှင့် ဧရာဝတီတိုင်းအတွင်း ငါးကန်ဧက တစ်သိန်းတစ်သောင်းကျော်၊ ပုစွန်ကန်ဧက ငါးသောင်းခြောက်ထောင်ကျော်တည်ဆောက်နိုင်ခဲ့သည်။
ပြည်နယ် နှင့်တိုင်း ၁၄ ခုရှိ စပါးစိုက်ခင်း ၁၃၁၂၀ ဧကကျော်တွင် ငါးသားပေါက်ကောင်ရေ ၆၅ သိန်းကျော်နှင့် ပုစွန်သား ပေါက်ကောင်ရေ ၀ ဒဿမ ၁၇ သိန်းစိုက်ထည့်ပေးခဲ့ သည်။ဤကဲ့သို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် အသင်းအဖွဲ့များ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ဒေသအလိုက် ငါးပုစွန်မွေးမြူခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ကိုင်ကြသကဲ့သို့ တဖက်မှလည်း ရေငန်ငါး၊ ပုစွန်မွေးမြူရေးအပိုင်းတွင် ကျောက်ငါး၊ ကျောက်ပုစွန်၊ ကဏန်းပျော့နှင့် ပုစွန်အမျိုးမျိုးကိုတိုးချဲ့ မွေးမြူလျက်ရှိ ပါသည်။
မြန်မာနိုင်ငံတွင် ရေသယံဇာတများဖြစ်သည့် ရေချိုရေငန် ငါး၊ပုစွန်၊ ကဏန်းများကို တိုးချဲ့မွေးမြူလုပ်ကိုင် နေခြင်းဖြင့် ပြည်တွင်းသားငါးဖူလုံစေရေး၊ နိုင်ငံတော်အတွက် နိုင်ငံ ခြားငွေတိုးတက်ရှာဖွေရရှိရေးနှင့်အတူ တန်ဖိုးမြှင့် ပို့ကုန်များအဖြစ် တိုးချဲ့တင်ပို့နိုင်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
သြ၀င်း
Source:ရေလုပ်ငန်းရှင်များအသင်း
|