မူဆယ်နယ်စပ်သွင်းကုန်တိုးတက်လျက်ရှိ။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် သွင်းကုန်များဆောင်ရွက်နေမှု သည် တိုးတက်လျက်ရှိကြောင်း တွေ့ရှိရသည်။ အောက်တိုဘာလ စတု တ္ထပတ် ( ၂၁-၁၀-၂၀၀၇ မှ ၂၇-၁၀-၂၀၀၇ ထိ) ရက်သတ္တပတ်တွင် သွင်းကုန် ကန်ဒေါ်လာ ၁၁ ဒဿမ ၃၅၃သန်းဆောင်ရွက်နိုင်ခဲ့သည်။အောက်တိုဘာ တတိယပတ် (၁၄-၁၀- ၂၀၀၇ မှ ၂၀-၁၀-၂၀၀၇ ထိ) ရက်သတ္တပတ်တွင် သွင်းကုန်ကန်ဒေါ်လာ ၈ ဒဿမ ၇၉၈ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး အောက်တိုဘာ ဒုတိယပတ် ( ၇-၁၀-၂၀၀၇ မှ ၁၃-၁၀-၂၀၀၇ ထိ) ရက်သတ္တပတ်တွင် သွင်းကုန် ကန်ဒေါ်လာ ၆ ဒဿမ ၉၉၇ သန်း ဆောင်ရွက်ခဲ့သဖြင့် အောက်တိုဘာလ စတုတ္တပတ်သည် အောက်တိုဘာလ ဒုတိယပတ်ထက် ကန်ဒေါ်လာ ၄ ဒဿမ ၃၅၆ သန်း၊ တတိယပတ်ထက် ကန်ဒေါ်လာ ၁ ဒဿမ ၅၅၅ သန်း အသီးသီးပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။
ထိုကဲ့သို့ သွင်းကုန်ပိုမိုခဲ့ရခြင်းမှာ ဓာတ်မြေသြဇာ၊ ပန်းသီး၊ ခဲတံ၊ နေကြာစေ့၊ ဖယောင်း၊ နို့မှုန့်နှင့် ၁/၄၀ ချည်များ ပိုမိုတင်သွင်းနိုင်ခြင်းကြောင့်ဖြစ်သည်ဟု သတင်းရရှိသည်။
အောက်တိုဘာလ စတုတ္တပတ်တွင် ဓာတ်မြေသြဇာ၊ ဖယောင်း၊ ၁/၄၀ ချည်၊ ခဲတံ၊ နေကြာစေ့ နှင့် ပန်းသီးတို့တင်သွင်းခဲ့မှုအား အသိပေးလိုက်ရပါသည် -
စဉ် |
အမျိုးအမည် |
ရေတွက်ပုံ |
အရေအတွက် |
တန်ဖိုး(ကန်ဒေါ်လာသန်း) |
(၁) |
ဓာတ်မြေသြဇာ |
တန် |
၇၉၈၄ |
၁၁.၁၉၄ |
(၂) |
ဖယောင်း |
တန် |
၁၃၃၀ |
၁.၀၉၈ |
(၃) |
၁/၄၀ ချည် |
တန် |
၉၃.၄၅၃ |
ဝ.၂၃၀ |
(၄) |
ခဲတံ |
ဖာ |
၂၂၀၂ |
ဝ.၀၄၅ |
(၅) |
ပန်းသီး |
တန် |
၆၅.၇၀ |
ဝ.၀၁၈ |
(၆) |
နေကြာစေ့ |
တန် |
၄၉.၀၈၂ |
ဝ.၀၂၁ |
KKCM
Source:နကသ
|