နည်းပညာသစ်ဖြင့် ထုတ်လုပ်ထားသည့် Engineered Floorများ။
Engineered Floorကိုသုံးစွဲခြင်းဖြင့်သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအား ကာကွယ်နိုင်ပြီး အဖိုးတန်သစ်များချွေတာ သုံးစွဲရာရောက်သည့်အပြင် ကုန်ကျ စရိတ်ထက်ဝက်နီးပါး သက်သာစေပါသည်။
Engineered Floor ဆိုသည်မှာ Hard Wood အပိုင်းအစများ၊ Ply Wood များ၊ High Density Fiberboard များကို အောက်ခံအဖြစ်အသုံးပြုထားပြီး အပေါ်ဆုံး အလွှာတွင်သာHard Wood Layerဖြင့် ကော်ကို အသုံးပြု၍ Press နင်းထားသော ကြမ်းခင်းပစ္စည်းဖြစ်ပါသည်။ရိုးရိုးကြမ်းခင်းထက်Hard Wood သုံးစွဲရမှု လေးပုံ တစ်ပုံ သက်သာပြီး အောက်ခံ(Base) ပြုလုပ်ခြင်း၊ Top Layer ပြုလုပ်ခြင်းနှင့် ကော်ကပ်ခြင်းတို့တွင် အင်ဂျင်နီယာ နည်းပညာအသုံးပြု၍ Stable ဖြစ်အောင် ပြုလုပ်ထားသည်။ Engineered Floorသည်ကျုံ့ခြင်း၊ ကြွခြင်း၊ အပူခံခြင်း၊ စိုထိုင်းမှုခံခြင်းတို့အတွက် အထူးဒီဇိုင်းထုတ်လုပ်ထားသော ကြမ်းခင်းပစ္စည်းဖြစ်ပါသည်။
ယနေ့ခေတ်တွင် ကြမ်းခင်းအဖြစ် အသုံးပြုနိုင်သောပစ္စည်းအဖြစ် Solid Flooring, Laminate နှင့် Engineered Floor ဟူ၍ အဓိကအားဖြင့် သုံးမျိုးရှိပါသည်။ Solid Flooring သည် သက်တမ်းရှည်ရှေးဟောင်းကြမ်းခင်း ပစ္စည်းဖြစ်ပြီး ယနေ့အထိ အသုံးပြုကြဆဲဖြစ်သည်။ Tongue and Groove ခေါ်လျှာထိုးသစ်များ၊ parquetများကို ခေါ်ဆိုခြင်းဖြစ် သည်။ Solid Flooring ကိုအဖိုးတန်သစ်ဖြင့် ပြုလုပ်ကြပြီး အပေါ်ယံမျက်နှာပြင် အလှနှင့် သဘာဝ ကိုသာ ရှုမြင်ခံစားကြသော်လည်း၊ ကြမ်းခင်း ပစ္စည်း တစ်ခုလုံးအား သစ်တစ်မျိုးတည်းသာ အသုံးပြုထားပါသည်။ အဖိုးတန်သစ်ကို အောက်ခံထားသည့်အတွက် ငွေကုန်ကြေးကျများပြီး သစ်ပြုန်းတီးရာရောက်ပါသည်။ နောက်ဆက်တွဲအဖြစ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်ပြီး အကြိမ်ကြိမ်အရောင်ပြန်တင်နိုင်ပါသည်။Laminated Floor မှာ High Density Fiber Board ကိုအခြေခံထား၍အပေါ်ဆုံးရှိ အလွန်ပါးလွှာသော Photographic Layer ကပ်ထားသည့် ကြမ်းခင်းပစ္စည်းဖြစ်ပါသည်။ အကြိမ်ကြိမ်အရောင်တင်နိုင်ခြင်း မပြုလုပ်နိုင်ပါ။ Engineered Floor သည်သဘာဝ အရည်အသွေး၊ အလှအပများမြင်တွေ့ခံစားရပြီး၊ အပူအအေးဒဏ်၊ ရာသီဥတုဒဏ်ခံနိုင်မှုတို့တွင် Solid Flooring များ၊ Laminated Floor များထက် ပိုမိုခံနိုင်ရည်ရှိသည်။ ကုန်ကျစရိတ်အနေဖြင့် Laminate ထက်အနည်းငယ်ပိုသော်လည်း၊ ရိုးရိုးကြမ်းခင်း (Solid)ထက် တစ်ဝက်ခန့် သက်သာ၍ ကြမ်းခင်းပြီးသည့်အခါ ရိုးရိုးကြမ်းခင်းကဲ့သို့ မြင်တွေ့ခံစားနိုင်သည်။
သစ်များသည် ရာသီဥတုပူခြင်း၊ အေးခြင်း၊ စိုထိုင်းခြင်း၊ ခြောက်သွေ့ခြင်းတို့အပေါ်မူတည်ပြီး ပုံသဏ္ဍန် ပြောင်းလဲခြင်းဖြစ်ပေါ်တတ်ကြပါသည်။ ရိုးရိုးကြမ်းခင်း (Solid)များသည် မည်သို့ပင်ပေါင်းခံ၊ အခြောက်ခံထား စေကာမူ ရာသီဥတုကြောင့် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဖြစ်ပေါ်တတ်ကြပါသည်။Laminate နှင့် Engineered Floorများသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းမဖြစ်ဘဲ တည်ငြိမ်မှုရှိပါသည်။ Laminate များမှာ တည်ငြိမ်သော်လည်း Engineered Floor ကဲ့သို့ သဘာဝအရသာကို ရရှိနိုင်ခြင်းမရှိပါ။ Engineered Floor များသည် ကြမ်းခင်းပြီးသည့် အခါ သဘာဝရိုးရိုးကြမ်းခင်း Solid Hard Wood များအတိုင်း တွေ့မြင်နိုင်သည်။အပေါ်ဆုံးအလွှာကို Hard Wood အစစ်များဖြင့် အသုံးပြုထား၍ Hard Wood ၏ အရည်အသွေးကို ရရှိစေသည်။ ရိုးရိုးကြမ်းခင်းများထက် ရာသီဥတုဒဏ်ပိုမိုခံနိုင်ပြီး ကွန်ကရစ်ကြမ်းပြင်ပေါ်၌ တိုက်ရိုက်ကော်သုတ်ပြီး ခင်းနိုင် သည့်Laminate များကဲ့သို့ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူ ခင်းနိုင်ရုံမက တစ်နေရာတွင် အသုံးပြုပြီးနောက် နောက်တစ်နေရာတွင် ပြောင်းရွှေ့သယ်ယူ အသုံးပြုနိုင် သည်။အထပ်မြင့် အဆောက်အအုံများ၊ မြေအောက်ထပ်များ မည်သည့်နေရာ၌ မဆို အသုံးပြုနိုင်သည်။ အအေးဓာတ်ပေးထားသော ကြမ်းခင်းများနှင့် အနွေးဓာတ်ပေးထားသော ကြမ်းခင်းများ တွင်လည်း အသုံးပြုနိုင်သည်။ Boron Treatment ပြုလုပ်ထာသည့်အတွက် အင်းဆက်ပိုးများ၊ ခြများ ဖျက်ဆီးခြင်း တို့မှ ခံနိုင်ရည်ရှိသည်။
Engineered Floor များသည် သစ်ကို ရိုးရိုးကြမ်းခင်းထက် ၄ ပုံ ၁ ပုံ သုံးရ၍အဖိုးတန်သစ်များ ခြိုးခြံ ချွေတာရာရောက်ပါသည်။ အဖိုးတန်သစ်များ ခြိုးခြံနိုင်လျှင် ခြိုးခြံနိုင်သလောက် သစ်တောပြုန်းတီးမှုသက်သာပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ပါသည်။သုံးစွဲသူများအတွက် ကုန်ကျစရိတ်ထက်ဝက် သက်သာပြီး ရိုးရိုးကြမ်းခင်းအတိုင်း တွေ့မြင်ခံစားရသကဲ့သို့ ပြည်တွင်းတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲသင့်ပါသည်။ Engineered Floor သည် အီတလီနည်းပညာဖြင့် ပြုလုပ်ထားပြီးMogok Pride Trading Co.ltd အနေဖြင့် နိုင်ငံတကာမှ နည်းပညာများလွှဲပြောင်းရယူ၍ ပြည်တွင်းထွက် သစ်ကုန်ကြမ်းများကို အခြေခံကာ ထုတ်ကုန် အမယ်သစ်များ ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပဈေးကွက်များသို့ပင် တင်ပို့လျက်ရှိ နေပါကြောင်း တင်ပြလိုက်ရပါသည်။
Source:Mogok Pride Trading Co.ltd
သြ၀င်း
် |