ပွင့်လင်းရာသီရောက်လာ၍ ရိဒ်စခန်းကုန်သွယ်မှုတိုးတက်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၀၈ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း ပို့ကုန် တန်ဖိုးကျပ် (၅၀)သန်း၊ သွင်းကုန်တန်ဖိုး ကျပ် (၁၄၉)သန်းကျော်၊ ကုန်သွယ်မှုပမာဏကျပ် (၁၉၉)သန်းကျော် ကုန်သွယ်မှုပြုနိုင်ခဲ့ပြိး ကာလတူဖေဖော်ဝါရီလထက် ပို့ကုန်တန်ဖိုးကျပ် (၁၅)သန်းနှင့် သွင်းကုန်တန်ဖိုးကျပ် (၄၀)သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ပိုမိုဆောင်ရွက်နိုင်ခြင်းမှာ ပွင့်လင်းရာသီဖြစ်၍ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ခြင်း၊ ၀က်အရှင်များနှင့် လူသုံးကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ခြင်း နှင့် သွင်းကုန်ပိုင်းတွင် ဓာတ်မြေသြဇာ များပိုမိုတင်သွင်းခဲ့ကြောင်း ဖြစ်သည်ဟု သတင်းရရှိသည်။
Source: ရိဒ် (နကသ)
မောင်မောင်အေး
် |