လစဉ်ပုံမှန်တိုးတက်တင်ပို့နေသောကင်းမွန် ။
မြန်မာ့ရေထွက်ပစ္စည်းများထဲတွင် ဈေးကွက်သို့ထိုးဖောက်ဝင်ရောက်၍ နေရာရနေသောကင်းမွန်သည် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့နေ့စဉ် တင်ပို့လျက်ရှိသည်။ ၂၀၀၇ ခုနှစ်အောက် တိုဘာလမှ ၂၀၀၈ ခုနှစ်ဇန်န၀ါရီလအထိ လေးလအတွင်း ကင်းမွန်တန်ချိန် ၃၀၀ ကျော် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၃ ဒဿမ ၄ သိန်း ကျော်တင်ပို့နိုင်ခဲ့သည်။ ကင်းမွန်တစ်တန်လျှင်ပျမ်းမျှဈေးနှုန်းမှာ ဒေါ်လာ ၁၁၀၀ ခန့်ရှိပြီး ၂၀၀၇ ခုနှစ်အောက်တိုဘာလတွင် ၁၂ တန်ကျော်၊ နိုဝင်ဘာလတွင် ၂၈ တန်ကျော်၊ ဒီဇင်ဘာလတွင် ၇၉ တန်ကျော်၊ ၂၀၀၈ ဇန်န၀ါရီလတွင် တန် ၂၀၀ ကျော် တိုးတက်တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။
Source: နကသ(ကော့သောင်း)
စိုးလှိုင်
် |