ပို့ကုန်သွင်းကုန် သတင်းလွှာ
သိမှတ်ဖွယ်ရာ အဖြာဖြာ
သုတကဏ္ဍ
နိုင်ငံတကာအဖွဲ့အစည်းများ
ဈေးကွက်ဈေးနှုန်း
ကုန်သွယ်ရေးစီမံအုပ်ချုပ်မှု
မျက်မှောက်သတင်း
ပုံနှိပ်ထုတ်ဝေခြင်း
ကျန်းမာရေးကဏ္ဍ
Useful Links
Site Map
ဘင်းမ်စတက်အဖွဲ့၏ ရည်မှန်းချက်များ
ဘင်းမ်စတက်အဖွဲ့၏မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်များအားယင်းအဖွဲ့တည်ထောင်သည့်ဘန်ကောက်ကြေငြာစာတမ်းတွင်အတိအလင်းဖော်ညွှန်းထား
ပါသည်။
| (က) | ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှု၊ နည်းပညာ၊ လူ့စွမ်းရည်ဖွံ့ဖြိုးရေး ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့်ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးစီမံချက်များ အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးလျှင်မြန်စွာ ဖွံ့ဖြိုးမှုရရှိစေရေးအတွက် ပတ်ဝန်းကျင်ကောင်းဖန်တီးပေးရန်။၊ |
| (ခ) | တန်းတူရည်တူစိတ်ဓာတ်ဖြင့် ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အရှိန်အဟုန် မြင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။ |
| (ဂ) | အဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် အကျိုးရှိမည့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများ၌ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အပြန်အလှန်အကူအညီပေးရန်။ |
| (ဃ) | ပညာရေးနှင့်နည်းပညာကဏ္ဍများမှာ သင်တန်းနှင့်သုတေသန အကူအညီပေးခြင်းဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူညီပံ့ပိုးကြရန်။ |
| (င) | ပြည်သူတို့၏ လူနေမှုအဆင့်မြင့်တင်ရေးကို လက်တွေ့အကျိုးပြုစေမည့် အမျိုးသားစီမံကိန်းများကို အထောက်အကူပြုစေနိုင်သော ကြိုးပမ်းမှုများတွင် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရန်။ |
| (စ) | ရည်ရွယ်ချက်၊ မျှော်မှန်းချက်ချင်းတူညီသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် အကျိုးရှိစွာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရန်။ |
| (ဆ) | ဒေသခွဲအဆင့်တွင် လက်တွေ့အကျိုးရလဒ် ဖြစ်ထွန်းစေနိုင်ပြီး အုပ်စုတွင်း ရရှိနိုင်သော စုပေါင်းအားကို အသုံးချနိုင်သည့် စီမံချက်များကို ပူးပေါင်းဆောင်ရွက်ရန်စသည်တို့ ဖြစ်ပါသည်။ |
BIMST-EC ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရန် ကဏ္ဍ (၆) ရပ်
| စဉ် | ကဏ္ဍခွဲ | ဦးဆောင်နိုင်ငံ |
| ၁ | ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ | ဘင်္ဂလားဒေ့ရှ် |
| ၂ | နည်းပညာကဏ္ဍ | သီရိလင်္ကာနိုင်ငံ |
| ၃ | ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍ | အိန္ဒိယနိုင်ငံ |
| ၄ | စွမ်းအင်ကဏ္ဍ | မြန်မာနိုင်ငံ |
| ၅ | ခရီးသွားကဏ္ဍ | အိန္ဒိယနိုင်ငံ |
| ၆ | ငါးလုပ်ငန်းကဏ္ဍ | ထိုင်းနိုင်ငံ |
BIMST-EC ၏ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အောက်တွင် သတ်မှတ်ထားသည့် ကဏ္ဍခွဲများ
ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအောက်တွင်အောက်ပါအတိုင်းကဏ္ဍခွဲ
များအပေါ်အဖွဲ့ဝင်နိုင်ငံအသီးသီးမှဦးဆောင်နိုင်ငံအဖြစ်ဆောင်ရွက် ရန်သတ်မှတ်ထားခြင်းကို
ိုနောက်ဆက်တွဲဖြင့်ဖေါ်ပြထားပါသည်
-
| စဉ် | ကဏ္ဍခွဲ | ဦးဆောင်နိုင်ငံ |
| က | ချည်မျှင်နှင့်အထည်လုပ်ငန်း | သီရိလင်္ကာနိုင်ငံ |
| ခ | ဆေးနှင့်ဆေးဝါးဆိုင်ရာလုပ်ငန်း | ထိုင်းနိုင်ငံ |
| ဂ | ကျောက်မျက်ရတနာနှင့်လက်ဝတ်လက်စား | ထိုင်းနိုင်ငံ |
| ဃ | သစ်သီးဝလံနှင့်ပန်းမာန် | ဘင်္ဂလားဒေ့ရှ် |
| င | မွမ်းမံထားသောအစားအစာ | ထိုင်းနိုင်ငံ |
| စ | အလိုအလျောက်ရွေ့ လျားနိုင်သော စက်ယန္တရားနှင့်အပိုပစ္စည်း | အိန္ဒိယနိုင်ငံ |
| ဆ | ရာဘာ၊ကော်ဖီနှင့်လက်ဖက် | ဘင်္ဂလားဒေ့ရှ် |
| ဇ | အုန်းသီးနှင့်ဟင်းခတ်အမွှေးအကြိုင် | အိန္ဒိယနိုင်ငံ |