ပို့ကုန်သွင်းကုန် သတင်းလွှာ
သိမှတ်ဖွယ်ရာ အဖြာဖြာ
သုတကဏ္ဍ
နိုင်ငံတကာအဖွဲ့အစည်းများ
ဈေးကွက်ဈေးနှုန်း
ကုန်သွယ်ရေးစီမံအုပ်ချုပ်မှု
မျက်မှောက်သတင်း
ပုံနှိပ်ထုတ်ဝေခြင်း
ကျန်းမာရေးကဏ္ဍ
Useful Links
Site Map

(၁) အာဆီယံဖြစ်ပေါ်လာပုံ
၁၉၆၇ ခုနှစ်တွင် အာစီယံကိုအင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်း စသည့် အဖွဲ့ဝင် နိုင်ငံ(၅)နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် နိုင်ငံသစ်များ အဖြစ် ဘရူနိုင်း (၁၉၈၄)၊ ဗီယက်နမ် (၁၉၄၅)၊ လာအိုနှင့် မြန်မာ(၁၉၉၇)၊ ကမ္ဘောဒီးယား (၁၉၉၉) တို့ပါဝင်လာသဖြင့် ယခုအခါ အဖွဲ့ဝင်(၁၀)နိုင်ငံရှိပါသည်။
(၂) ရည်ရွယ်ချက်
အာဆီယံဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ကမ္ဘာ့ကုလသမဂ္ဂ၏မူအရ တရားမျှတရေး၊ ဥပဒေများနှင့်အညီ အရှေ့တောင်အာရှ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရရှိရေးကို မြှင့်တင်နိုင်ရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများ အနေဖြင့်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေးနယ် ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန်။
(ခ) ထို့ကြောင့် လွတ်လပ်၍ငြိမ်းချမ်းသည့် သယံဇာတပြည့်စုံသော ဘ၀သို့ရောက်ရှိရန် ဆန္ဒတစ်ရပ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများရှိ လူထုတစ်ရပ်လုံးနှင့် သားစဉ်မြေးဆက် အကျိုးခံစားနိုင်ရေးပူးပေါင်းဆောင်ရွက်ရန်။
(၃) အာဆီယံ၏ဆောင်ရွက်ချက်များ
အာဆီယံ၏ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ရင်းနှီးမြုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှုများ
(ခ) အာဆီယံဒေသတွင်း ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ
(ဂ) အစားအစာ လယ်ယာနှင့်သစ်တောကဏ္ဍများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
(ဃ) ကုန်စည်ရောင်းဝယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
(င) ၀န်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
(စ) စက်မှုကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
(ဆ) လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ
(ဇ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ
(ဈ) အာဆီယံနိုင်ငံများအကြား သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများ
(ည) သတင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ
(ဋ) ဆက်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ
(ဌ) စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ
(ဍ) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းရပ်များ
(ဎ) ဘဏ္ဍရေးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ
(၄) အာဆီယံပူးပေါင်းဆောင်ရွက်ရေး အဆင့်(၃)ဆင့်
အာဆီယံသည် ၄င်း၏ရည်ရွယ်ချက်အောင်မြင်စေရန် အဖွဲ့ဝင်နိုင်ငံများသည် ကဏ္ဍအသီးသီး ၌ပူးပေါင်း ဆောင်ရွက်လျှက်ရှိရာ အောက်ပါအတိုင်းအဆင့်(၃)ဆင့်ဖြင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိ ကြောင်းသိရှိရပါသည်-
- တစ်ဦးနှင့်တစ်ဦးထိတွေ့ပြီး ယုံကြည်မှုတည်ဆောက်ခြင်း
- အရေးအခင်းတစ်ခုဖြစ်ပေါ်မလာမီသံတမန်နည်းအရကြိုတင် ၀င်ရောက်ကာကွယ်ခြင်း
- ပဋိပက္ခဖြစ်စေမည့်နည်းလမ်းများကို သတိပြုရှောင်ရှားဖြေရှင်းစေခြင်း
(၅) အာဆီယံဆွေးနွေးဘက်နိုင်ငံများ
အာဆီယံဆွေးနွေးဘက်နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- ၾသစေၾတးလ်
- အိႏၵိယ
- ကေနဒါ
- ဂျပန်
- ရုရှား
- တရုတ်
- တောင်ကိုရီးယား
- ဥရောပသမဂ္ဂ
- နယူးဇီလန်
- အမေရိကန်
(၆) အာဆီယံဆိုင်ရာ အစည်းအဝေးများ
အာဆီယံ၏အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းမှာ အာဆီယံထိပ်သီးအစည်းအဝေး ဖြစ်ပြီး (၁၉၆၇) ခုနှစ်မှစတင်ကျင်းပလာပြီး ၂၀၀၅ခုနှစ်အထိ (၁၁)ကြိမ်အထိကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်ပါ သည်။ (၁၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၊ စီဗူးမြို့၌ကျင်းပပြုလုပ်ပြီး ဖြစ်ပါသည်။ အာဆီယံ တွင်အောက်ဖော်ပြပါ အစည်းအဝေး များ ကိုကျင်းပပြုလုပ်လေ့ရှိပါသည်-
- အာဆီယံထိပ်သီးအစည်းအဝေး
- အာဆီယံထိပ်သီးအဆင့် အလွတ်သဘောအစည်းအဝေး
- အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများအစည်းအဝေး (အာဆီယံ+၃၊ အာဆီယံ+တရုတ်၊ အာ ဆီယံ+ဂျပန်၊ အာဆီယံ+တောင်ကိုရီးယား၊ အာဆီယံ+အိန္ဒိယ၊ အာဆီယံ +သြစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ+အမေရိကန်)
- အာဆီယံ ၀န်ကြီးအဆင့် အစည်းအဝေး (နိုင်ငံခြားရေးဝန်ကြီးများ)
- အာဆီယံ အမြဲတမ်းကော်မတီ အစည်ူးအဝေး (နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခု နှင့် တစ်ခုအကြား မူဝါဒရေးရာကိစ္စများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း)
- အာဆီယံ စီးပွားရေးဝန်ကြီးအဆင့် အစည်းအဝေး (အာဆီယံဒေသတွင်း စီးပွားရေးတိုးတက်မှု အခြေအနေ၊ အာဆီယံ စီးပွားရေး အသိုက်အ၀န်း ဖြစ်ပေါ်ရေးဆိုင်ရာ ကိစ္စရပ်များ လွတ်လပ် သော ကုန်သွယ်မှု ဒေသဖြစ်ပေါ်ရေးနှင့် စပ်လျဉ်းသောကိစ္စများ ကုန်သွယ်မှုလွယ်ကုချော မွေ့စေရေး ကိစ္စများနှင့် ၀န်ဆောင်မှုကုန်သွယ်ရေး ကို ဆက်လက်အကောင်အထည်ဖော်ရေး ကိစ္စများ ဆွေးနွေးညှိနှိုင်းခြင်း)
- အာဆီယံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး
- အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေး (အဖွဲ့ဝင် (၁၀)နိုင်ငံ၊ ဆွေးနွေးဘက် (၁၀)
နိုင်ငံ နှင့်လေ့လာသူ(၂)နိုင်ငံ၊ စုစုပေါင်း (၂၂)နိုင်ငံ တက်ရောက်ကြသဖြင့် အာဆီ ယံ သာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများပါ တွေ့ဆုံရာ နိုင်ငံရေးနှင့်လုံခြုံရေးကိစ္စများကို ဆွေးနွေးနိုင်သည့် တစ်ခုတည်းသော စည်းမျဉ်းဖြစ်ပါသည်)
(၇) အာဆီယံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီချက်များ
အာဆီယံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်သဘောတူညီချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- အာဆီယံဒေသအတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မူဘောင် သဘောတူညီချက်
- အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အကျိုးတူ ခံစားခွင့်ရှိသော အကောက်အခွန် အခွင့်အရေးပေးသည့် အစီ အစဉ်ဆိုင်ရာ သဘောတူညီချက်
(၈) ဗီယင်ကျန်း လုပ်ငန်းအစီအစဉ်
(၁၀) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းမှ ဗီယင်ကျန်းလုပ်ငန်း အစီ အစဉ် (VIENTIANE ACTION PROGRAMME- VIP) ကို အတည်ပြုခဲ့ပါသည်။
(၉) e-ASEAN
အာဆီယံ၏ သတင်းအချက်အလက် နည်းပညာ (Information and Communication Technology -ICT) ယှဉ်ပြိုင်မှု ဖွံ့ဖြိုးရန်၊ အားဖြည့်ရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ပြီး၊ အဖွဲ့ဝင် နိုင်ငံများအကြား ICT ကွာဟမှု ကျဉ်းမြောင်းရန်၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ICT ကုန်ပစ္စည်းများ ကုန်သွယ်မှု ၀န်ဆောင်မှု နှင့် ရင်းနှီးမြှုပ်နှံမှု များအပေါ် ကန့်သတ် ချက်များကို ဖြေလျော့မြှင်တင်ရေးအတွက် ဆောင်ရွက်ရန်တို့ဖြစ်ပါသည်။
(၁၀) ASEAN Investment Area-AIA
အာဆီယံဒေသအတွင်း ပိုမိုလွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့် ဒေသတစ်ခုအဖြစ် ထူထောင်ရန်ဖြစ်ပါသည်။
(၁၁) ASEAN Chamber of Commerce and Industry- ASEAN CCI
ASEAN CCI ကို ၁၉၇၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအား ကိုယ်စားလှယ်ပြုသည့် CCI များ ပါဝင်ကြကာ UMFCCI သည် ၁၄-၁၀-၁၉၉၇ တွင် ASEAN CCI အဖွဲ့ဝင်ဖြစ်လာပါသည်။
